AA သောင်းကျန်းသူအဖွဲ့မှ မနော်သီရိရွာကို မီးရှို့ခိုင်းသည့် AA သောင်းကျန်းသူအမာခံ ၂ ဦး၏ ထွက်ဆိုချက်များ

       ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများသည် မိုခါမုန်တိုင်း တိုက်ခိုက်ခံရပြီးနောက် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ၏ စုပေါင်းညီညာစွာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ထိုသို့တည်ငြိမ်အေးချမ်းပြီး စည်ကားလျက်ရှိသော ပေါက်တောမြို့နယ်အတွင်း AA သောင်းကျန်းသူများက တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ ပေါက်တောမြို့နှင့် အနီးဝန်းကျင်မှ ကျေးရွာများသို့ ဝင်ရောက်တပ်စွဲကာ လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် ဈေးဆိုင်များကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထို့အပြင် AA သောင်းကျန်းသူများသည် အမာခံများမွေးမြူကာ တိုက်ပွဲများကြောင့် လူနေထိုင်ခြင်းမရှိသော ကျေးရွာများအား မီးရှို့ရန် စေခိုင်းခဲ့ပြီး တပ်မတော်မှ မြို့/ရွာများကို ဝင်ရောက်ဖျက်ဆီးမီးရှို့သည်ဟု မဟုတ်မမှန် ဝါဒဖြန့်ချိမှုများ လုပ်ဆောင်ခဲ့ပါသည်။ AA သောင်းကျန်းသူများ၏ မြို့/ရွာများကို ဖျက်ဆီးမီးရှို့ခြင်းများ လုပ်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ ဖမ်းဆီးရမိသော AA သောင်းကျန်းသူအမာခံဖြစ်သည့် ပေါက်တောမြို့နယ်၊ မနော်သီရိရွာသား ၂ ဦး၏ ထွက်ဆိုချက်များမှာ-

မောင်ထွန်းကျော်လင်းက ၎င်းတို့ကျေးရွာအတွင်း AA သောင်းကျန်းသူများ အဝင်/ အထွက်ရှိကြောင်း၊ ရွာသားများက ရွာအတွင်း စစ်ဖြစ်မည်စိုးသောကြောင့် ထွက်ပြေးသွားခဲ့ကြောင်း၊ ၎င်းနှင့် ဦးဦးဘထွန်းတို့ ၂ ဦးအား တပ်မတော်စစ်ကြောင်းဝင်လာလျှင် သတင်းပို့ခိုင်းထားကြောင်း၊ AA သောင်းကျန်းသူများက ရွာထိပ်တွင် မိုင်းထောင်ထားကြောင်း၊ တပ်မတော်စစ်ကြောင်း ရွာသို့ ဝင်လာပြီး ရွာကို မီးရှို့သွားသလိုဖြစ်အောင် ၎င်းတို့ကို ရွာအား မီးရှို့၍ ထွက်ပြေးခိုင်းထားကြောင်း၊ တပ်မတော်စစ်ကြောင်းက ရွာအတွင်း ဝင်ရောက်လာချိန်တွင် AA သောင်းကျန်းသူများ စေခိုင်းခဲ့သည့်အတိုင်း ရွာကို မီးရှို့ခဲ့ကြောင်း၊ မီးရှို့နေချိန်တွင် တပ်မတော်မှ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထွက်ဆိုခဲ့ပါသည်။

ဦးဦးဘထွန်းက ပေါက်တောမြို့တွင် လွန်ခဲ့သည့်နှစ်ပတ်ခန့်က တိုက်ပွဲဖြစ်ခဲ့ပြီး AA သောင်းကျန်းသူများက မနော်သီရိရွာသို့ ရောက်ရှိလာကြောင်း၊ ရွာသားများက တိုက်ပွဲဖြစ်မည်စိုးသောကြောင့် ထွက်ပြေးသွားခဲ့ကြောင်း၊ AA သောင်းကျန်းသူများက ၎င်းတို့ ၂ ဦးအား တပ်မတော်လာတာမြင်လျှင် သတင်းပို့ရန်၊ ရွာကိုဝင်သည့်အခါမီးရှို့ရန်၊ တပ်မတော်က မီးရှို့ခဲ့သလို ပြည်သူများ အထင်လွဲအောင်ပြောရန် စေခိုင်းခဲ့ကြောင်း၊ တပ်မတော်က ရွာအတွင်းဝင်လာရာ ၎င်းတို့က ရွာအား မီးရှို့နေချိန် ဖမ်းဆီးခြင်းခံခဲ့ရဟု ထွက်ဆိုခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၁၂-၂၀၂၃)

 

  • မနော်သီရိရွာကို မီးရှို့ခဲ့သည့် AA သောင်းကျန်းသူအမာခံဖြစ်သည့် မောင်ထွန်းကျော်လင်းနှင့် ဦးဦးဘထွန်းတို့၏ ထွက်ဆိုချက်များအရ AA သောင်းကျန်းသူများက ၎င်းတို့ ဦးအား တပ်မတော်လာတာမြင်လျှင် သတင်းပို့ရန်၊ တပ်မတော်စစ်ကြောင်းများ ရွာကိုဝင်သည့်အခါ ရွာကို မီးရှို့ပြီး ထွက်ပြေးရန်၊ ရွာမီးလောင်ပျက်စီးသွားပါက တပ်မတော်က မီးရှို့ခဲ့သလို ပြည်သူများ အထင်လွဲအောင် အခြားရွာသားများအား ပြောရန်စေခိုင်းခဲ့ပြီး တပ်မတော်က ရွာအတွင်းဝင်လာစဉ် ၎င်းတို့က ရွာအား မီးရှို့နေချိန် ဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်။
vidos: 

Comments

 

werhwhr

 

Add new comment