နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြား 

         (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်တွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြားရာတွင်-

  • ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့်နည်းတူ လွတ်လပ်ရေးရပြီးကာလများတွင်လည်း တိုင်းပြည်တာဝန်ကို ကျရာကဏ္ဍမှ ထမ်းဆောင်ခဲ့ကြသည်ကို သမိုင်းတစ်လျှောက် သာဓကများစွာ တွေ့မြင်ကြရမည်ဖြစ်ကြောင်း။
  • တပ်မတော်၏ စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူကျူး ကျော်မှုမှစ၍ စစ်ဆင်ရေးများအထိ တိုက်ပွဲပေါင်း၊ စစ်ဆင်ရေးပေါင်းများစွာ၌လည်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် စွမ်းစွမ်းတမံကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ကြရမည်ဖြစ်ကြောင်း၊
  • ထိုကဲ့သို့စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြရာတွင် ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့်ကဲ့သို့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်သူပေါင်းများကိုလည်း ဆေးတပ်ဖွဲ့သမိုင်းတစ်လျှောက်တွင်များစွာ တွေ့မြင်ခဲ့ရပြီးဖြစ်ကြောင်း။
  • ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင် ဆေးအကာအကွယ်ပေးရေး တာဝန်များသာမက အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက်ကိုလည်း တပ်မတော်ဆေးရုံများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရကြောင်း။
  • တပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ခဲ့ရာတွင် ယခုအချိန်၌ ကျောက်ကပ်အစားထိုးကုသနိုင်သော ဆေးရုံ ၄ ရုံ၊ အသည်းအစားထိုးကုသပေးနိုင်သော ဆေးရုံ ၁ ရုံ၊ နှလုံးသွေးကြောရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ နှလုံးခွဲစိတ်ကုသနိုင်သော ဆေးရုံ ၂ ရုံနှင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသနိုင်သော ဆေးရုံ ၃ ရုံတို့ ရှိခဲ့ပြီးဖြစ်ကြောင်း။
  • ယခုအခါတွင် တပ်မတော်အနေဖြင့် နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြောအား Stent ထည့်ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းညှိစက်ထည့်သွင်းခြင်း၊ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း၊ ရင်ခေါင်းခွဲစိတ်ကုသခြင်းစသည့် အဆင့်မြင့်ပြုစုကုသမှုများကို နိုင်ငံတကာနည်းတူ ဆောင်ရွက်လာနိုင်သည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ရမည်ဖြစ်ကြောင်း။
  • မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် လွန်စွာဂုဏ်ယူ ဝမ်းမြောက်ကြောင်း မှတ်တမ်းတင်ပြောကြားလိုကြောင်း။
  • ယခုအခါတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပါက တပ်မတော်အနေဖြင့် လက်လှမ်းမမီသည့်ဒေသ၊ လက်လှမ်းမမီသည့် ကုသမှုအမျိုးအစားများ မရှိသလောက်ဖြစ်နေပြီဟု ဆိုရမည်ဖြစ်ကြောင်း။
  • ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအပါအဝင် တပ်မတော်သားများနှင့် မိသားစုဝင်များကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည့်အခါတွင် သာမန်အချိန်များ၌သာမက သဘာဝဘေးအန္တရာယ်ကျရောက်သည့် အချိန်များ၌လည်း ရှေ့တန်းမှ ပါဝင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊
  • ဆေးဝန်ထမ်းတပ်ဖွဲ့၏ ထူးခြားချက်တစ်ခုမှာ စစ်ဆင်ရေးနယ်မြေသို့ ရောက်သည့်အခါတိုင်းတွင် ဒေသအတွင်းရှိပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ပေးခဲ့ခြင်းပင် ဖြစ်ကြောင်း။
  • ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်နည်းတူ နိုင်ငံတဝှမ်းရှိ ပြည်သူလူထုကို ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကိုလည်း ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် တိုးမြှင့်ပြီး အင်တိုက်အားတိုက် ဆောင်ရွက်လာခဲ့ကြောင်း။
  • တပ်မတော်ဆေးရုံ/ ဆေးတပ် ၆၇ ခုနှင့် ကိုဗစ်ကုသမှုစင်တာ ၅၄ ခုတို့ကို ဖွင့်လှစ်ပြီး ပြည်သူလူထုကိုလည်း ကုသမှုများပေးနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ကုသပေးခဲ့ရာတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်အထိ ကိုဗစ်အတည်ပြုလူနာ သံဃာတော် ၁,၅၀၅ ဦး၊ သီလရှင် ၁၀၈ ဦး၊ အရပ်သား ၁၆,၀၅၄ ဦး နှင့် နိုင်ငံခြားသား ၁၃၅ ဦး၊ စုစုပေါင်း ၁၇,၈၀၂ ဦးကို ပြုစုစောင့်ရှောက်မှုပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။
  • ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့အတွင်း ပညာရပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ပြီး ပညာရပ်ပိုင်းဆိုင်ရာ အတွေ့အကြုံများ၊ နည်းပညာများ မြင့်မားလာစေရေး ဆောင်ရွက်လျက်ရှိသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။
  • အပြည်ပြည်ဆိုင်ရာစစ်ဘက်ဆေးတက္ကသိုလ်များညီလာခံ (International Conference of Military Medical Schools - ICMMS)နှင့် နိုင်ငံတကာစစ်ဘက်ဆေးပညာဆိုင်ရာကော်မတီ (International Committee of Military Medicine-ICMM) များသို့ တက်ရောက်ပြီး နိုင်ငံတကာရှိ စစ်ဘက်ဆေးပညာဖွံ့ဖြိုးတိုးတက်မှုများနှင့် စဉ်ဆက်မပြတ်ရေး ရည်မှန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကိုလည်း မြင်တွေ့ကြရမည်ဖြစ်ကြောင်း။
  • နိုင်ငံတကာတွင်ရှိသည့် ဆေးတပ်ဖွဲ့များနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိလာစေရန်အတွက် ရုရှားနိုင်ငံတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲများကိုလည်း ၂၀၁၈ ခုနှစ်မှစပြီး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်ကို တွေ့ရကြောင်း၊ လတ်တလောအနေဖြင့် ၂၀၂၂ ခုနှစ်၊ ရုရှားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာအားကစားပြိုင်ပွဲ (International Army Game)တွင် ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ (Medical Rally) အသင်းအနေဖြင့် ပြိုင်ပွဲဝင်အသင်း ၁၆ သင်းရှိသည့်အနက် အဆင့် (၄) နေရာရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်ကို တွေ့မြင်ကြရမည် ဖြစ်ကြောင်း။
  • တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် (၇၅)နှစ်တာကာလအတွင်း တပ်မတော်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့်အတွက် တပ်မတော်မှ ရွှေရတုတံဆိပ်ရရှိခဲ့သူ (၇၇၂)ဦး၊ တပ်မတော်စိန်ရတုတံဆိပ်ရရှိခဲ့သူ (၂,၆၀၃)ဦး ရှိခဲ့သည်ကို တွေ့ရှိရသည့်အပြင် ဆေးဝန်ထမ်းတပ်ဖွဲ့အတွင်း နိုင်ငံ့ဂုဏ်ရည်ဘွဲ့၊ လွတ်လပ်ရေးမော်ကွန်းဝင်တံဆိပ်၊ စည်သူဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့နှင့် သိပ္ပကျော်စွာဘွဲ့များ အပါအဝင် နိုင်ငံတော်အဆင့် ထူးချွန်ဘွဲ့တံဆိပ်ရရှိခဲ့သူပေါင်း(၁၅၂)ဦး ရှိခဲ့သည်ကိုလည်း လေ့လာတွေ့ရှိရကြောင်း။
  • မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက တပ်မတော်နှင့်အတူ ပေါက်ဖွားလာသည့် တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း၊
  • ခေတ်အဆက်ဆက်တွင်လည်း ဆေးတပ်ဖွဲ့ဝင်များသည် တိုင်းပြည်နှင့် လူမျိုးအကျိုး၊ တပ်မတော်၏အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပြီးဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့်သူများသည် ပေးအပ်လာသည့်တာဝန်များကို ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့ကြသည်ကိုလည်း (၇၅)နှစ်တာကာလအတွင်း၌ အကြိမ်ကြိမ် သက်သေပြခဲ့ပြီး ဖြစ်ကြောင်း။
  • စိန်ရတုကာလပြည့်မြောက်ခဲ့သည့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် မာကျောကျစ်လစ်ခိုင်မာပြီး တန်ဖိုးရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့အဖြစ် ထိန်းသိမ်းကာ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယခုထက်မက ပိုမိုဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ဆေးဝန်ထမ်းတပ်ဖွဲ့ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်းများစွာ တိုင်အောင်တည်တံ့ပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက်လာကြသည့် အငြိမ်းစားဆေးဝန်ထမ်းတပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် ပြခန်းအတွင်း လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြသည်။

            ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်သည့် အမှတ်(၁)တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)၊ အဆင့်မြင့် (၈)ထပ် ဆေးရုံအဆောက်အဦသစ်၊ အထူးကုသမှုစင်တာဖွင့်ပွဲသို့ ရောက်ရှိကြရာ အထူးကုသမှုစင်တာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၁၀-၂၀၂၂)

  • တပ်မတော်၏ စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူကျူးကျော်မှုမှစ၍ စစ်ဆင်ရေးများအထိ တိုက်ပွဲပေါင်း၊ စစ်ဆင်ရေးပေါင်းများစွာ၌လည်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် စွမ်းစွမ်းတမံကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ကြရမည်ဖြစ်။
  • ထိုကဲ့သို့စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြရာတွင် ဗိုလ်ကြီး သူရမွန် ထော်သက်ညွန့်ကဲ့သို့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့် ထူးချွန်သူပေါင်းများကိုလည်း ဆေးတပ်ဖွဲ့သမိုင်းတစ်လျှောက်တွင် များစွာတွေ့ မြင်ခဲ့ရပြီးဖြစ်။
  • တပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ခဲ့ရာတွင် ယခုအချိန်၌ ကျောက်ကပ်အစားထိုးကုသနိုင်သော ဆေးရုံ ၄ ရုံ၊ အသည်းအစားထိုးကုသပေးနိုင်သော ဆေးရုံ ၁ ရုံ၊ နှလုံးသွေးကြော ရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ နှလုံးခွဲစိတ်ကုသနိုင်သော ဆေးရုံ ၂ ရုံနှင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသနိုင်သော ဆေးရုံ ၃ ရုံတို့ ရှိခဲ့ပြီးဖြစ်။
  • ယခုအခါတွင် တပ်မတော်အနေဖြင့် နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြောအား Stent ထည့်ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းညှိစက်ထည့်သွင်း ခြင်း၊ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း၊ ရင်ခေါင်းခွဲစိတ်ကုသခြင်းစသည့် အဆင့်မြင့်ပြုစုကုသမှုများကို နိုင်ငံတကာနည်းတူ ဆောင်ရွက်လာနိုင်သည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ရမည်ဖြစ်။
  • မကြာသေးမီက မြန်မာ့တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်။
  • ဆေးဝန်ထမ်းတပ်ဖွဲ့၏ ထူးခြားချက်တစ်ခုမှာ စစ်ဆင်ရေးနယ်မြေသို့ ရောက်သည့်အခါတိုင်းတွင် ဒေသအတွင်းရှိပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ပေးခဲ့ခြင်းပင်ဖြစ်။
  • ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်နည်းတူ နိုင်ငံတဝှမ်းရှိ ပြည်သူလူထုကို ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်ရန်အတွက် နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကိုလည်း ၂၀၁၀ ပြည့် နှစ် နောက်ပိုင်းတွင် တိုးမြှင့်ပြီး အင်တိုက်အားတိုက်ဆောင်ရွက်လာခဲ့။
  • တပ်မတော် ဆေးရုံ/ ဆေးတပ် ၆၇ ခုနှင့် ကိုဗစ်ကုသမှုစင်တာ ၅၄ ခုတို့ကို ဖွင့်လှစ်ပြီး ပြည်သူလူထုကို ကုသမှုများပေးလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ စက်တင် ဘာလ ၁၅ ရက်အထိ ကိုဗစ်အတည်ပြုလူနာ သံဃာတော် ၁,၅၀၅ ဦး၊ သီလရှင် ၁၀၈ ဦး၊ အရပ်သား ၁၆,၀၅၄ ဦး နှင့် နိုင်ငံခြားသား ၁၃၅ ဦး၊ စုစုပေါင်း ၁၇,၈၀၂ ဦးကို ပြုစုစောင့်ရှောက်မှုပေးနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်။
  • မြန်မာ့တပ်မတော်၏ ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလ ကတည်းက တပ်မတော်နှင့်အတူ ပေါက်ဖွားလာသည့် တပ်ဖွဲ့တစ်ခုဖြစ်။
  • ခေတ်အဆက်ဆက်တွင်လည်း ဆေးတပ်ဖွဲ့ဝင်များသည် တိုင်းပြည်နှင့် လူမျိုးအကျိုး၊ တပ်မတော်၏အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပြီးဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အတွင်း၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့်သူများသည် ပေးအပ်လာသည့်တာဝန်များကို ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့ကြသည်ကိုလည်း (၇၅)နှစ်တာကာလအတွင်း၌ အကြိမ်ကြိမ် သက်သေပြခဲ့ပြီးဖြစ်။

 

Add new comment