ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ လျာထားချက်အတိုင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ်ညှိနှိုင်းအစည်းအဝေးကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ကြုံတွေ့လာသည့် အခက်အခဲများကြားမှ စီမံချက်လျာထားချက်အတိုင်း ပြီးစီးအောင်မြင်အောင်ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ်ညှိနှိုင်းအစည်းအဝေးကို  ဖေဖော်ဝါရီလ ၂၄ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက

  • နောင်လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် စိစစ်ချက်အရ ၁၆ နှစ်နှင့် အထက် ရှိသူ ၃ ဒသမ ၄ သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
  • ပန်းခင်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ရက်အထိ ၁၈ လကြာဆောင်ရွက်ရမည့် စီမံချက်တစ်ခုဖြစ်ကြောင်း။
  • နိုင်ငံတော်၏အနာဂတ်အတွက် သတ်မှတ်ကာလအတွင်း လျာထားသတ်မှတ်  အရေအတွက်ပြီးစီးအောင်မြင်အောင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသအာဏာပိုင်များ၊ အခြားသောဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • ယခုအခါ စီမံချက်ကာလ ၁၀ လကြာရှိပြီဖြစ်ပြီး ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့သည် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးစီးအောင်မြင်ပြီးဖြစ်ကြောင်း။
  • မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လျာထားချက်ရာနှုန်းပြည့် မပြီးစီးသေးသော်လည်း လျာထားချက်၏ ၉၀ ရာခိုင်နှုန်း အထက်ပြီးစီးပြီး ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့သည် လက်ရှိကာလအထိ ပြီးစီးရမည့် လျာထား ချက်အောက်တွင် တွေ့ရှိပါကြောင်း။
  • နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် အဓိကကျသည့် နောက်ဆုံးအချက်ကို အကောင်အထည်ဖော်နိုင်ရန်မှာ ပန်းခင်းစီမံချက်အောင်မြင်ရေးသည် အရေးတကြီးလိုအပ်ချက်ဖြစ်ကြောင်း။
  • ပန်းခင်းစီမံချက် လျာထားရာနှုန်းပြည့် ပြည့်မီကျော်လွန်ရေးအတွက် ဆောင်ရွက် လျက်ရှိသည့်ကော်မတီအသီးသီးမှ တာဝန်ရှိသူများကလည်း စီမံချက်လုပ်ငန်းဆောင်ရွက်များနှင့်ပတ်သက်၍ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းနှင့် အကြံဉာဏ်များ၊ လုပ်နည်းလုပ်ဟန်များကို အကြံပြုသုံးသပ်ဆွေးနွေးပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ ညှိနှိုင်းပေါင်းစပ်ရေးလုပ်ငန်းကော်မတီ၊ မီဒီယာလုပ်ငန်းကော်မတီ၊ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းဆိုင်ရာလုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ပန်းခင်းစီမံချက် သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် လိုအပ်ချက်များကို အကြံပြုဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မိမိတို့ဌာနအနေဖြင့် ပန်းခင်းစီမံချက်အပြင် e-ID စနစ်ဆိုင်ရာကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ရေး၊ ပန်းခင်းစီမံချက်ကို သတ်မှတ်ကာလအတွင်း လျာထားချက်အတိုင်း အောင်မြင်ရေးအတွက် ဆောင်ရွက်ပြီးစီးမှုကို မျက်ခြေမပျက်စောင့်ကြည့်၍ အားလုံးက မဖြစ်မနေဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

  • ပန်းခင်းစီမံချက်လျာထားချက်အတိုင်း ပြီးစီးအောင်မြင်အောင်ဆောင်ရွက်နိုင်မည့် အကြံပြုသုံးသပ်ညှိနှိုင်းအစည်းအဝေးကို  ဖေဖော်ဝါရီလ ၂၄ ရက်တွင် နေပြည်တော်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့။
  • နောင်လာမည့်ရွေးကောက်ပွဲတွင် နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် စိစစ်ချက်အရ ၁၆ နှစ်နှင့်အထက်ရှိသူ   ၃ ဒသမ ၄ သန်းကျော်ကို ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ပန်းခင်းစီမံချက် ရေးဆွဲဆောင်ရွက်ရခြင်းဖြစ်။
  • ပန်းခင်းစီမံချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ရက်အထိ ၁၈ လကြာဆောင်ရွက်ရမည့် စီမံချက်တစ်ခု ဖြစ်။
  • နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် အဓိကကျသည့် နောက်ဆုံးအချက်ကို အကောင်အထည်ဖော်နိုင်ရန်မှာ ပန်းခင်းစီမံချက်အောင်မြင်ရေးသည် အရေးတကြီးလိုအပ်ချက်ဖြစ်။

Add new comment