ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ခရီးသွားလုပ်ငန်းသုတေသနစင်တာ ပရောဂျက်နှင့် ကိန်းဂဏန်းဆိုင်ရာသုတေသနသင်တန်းဖွင့်ပွဲ တက်ရောက်

“ခရီးသွားလုပ်ငန်းသုတေသနစင်တာပရောဂျက်နှင့် ကိန်းဂဏန်းဆိုင်ရာသုတေ သနသင်တန်း”ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင်− လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးယူနစ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်နှင့် မန္တလာတက္ကသိုလ်တို့မှ ဆရာ၊ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၊  ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများက အွန်လိုင်းမှ တက်ရောက်ကြပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က-

  • မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်သွားမည့် စီမံကိန်း(၂၁)ခု၌ ခရီးသွားကဏ္ဍမှ  ယခုခရီးသွား လုပ်ငန်းသုတေသနစင်တာ တည်ထောင်ဖွင့်လှစ်ရန် စီမံကိန်း (၁) ခု ပါဝင်ကြောင်း။
  • ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံခြားငွေရှာဖွေပေးသော အဓိကအရင်းအမြစ်တစ်ခုပင်ဖြစ်ကာ ကမ္ဘာပေါ်တွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသော လုပ်ငန်းတစ်ခုပင်ဖြစ်ပါကြောင်း။
  • ပထမအဆင့်အနေဖြင့် ကိန်းဂဏန်းဆိုင်ရာ သုတေသနသင်တန်းကို စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ကာ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းသင်တန်းသား (၄၀)၊ တက္ကသိုလ်နှင့် ကောလိပ်တို့မှ ဆရာ၊ ဆရာမများနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်တို့မှ သင်တန်းသား (၁၀) ဦး စုစုပေါင်းသင်တန်းသား (၅၀) ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က-

  • ယခု ခရီးသွားလုပ်ငန်းသုတေသနစင်တာတည်ထောင်ခြင်းသည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့တစ်ခုဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း။
  • မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ခရီးသွားလုပ်ငန်းသုတေသနစင်တာစီမံကိန်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ (၁) နှစ်စီမံကိန်းဖြစ်ပြီး စင်တာနှင့် သုတေသနလုပ်ငန်းအဖွဲ့ တို့ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကာ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို စစ်တမ်းကောက်ယူခြင်း၊ စိစစ် လေ့လာခြင်း၊ သုတေသနပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ခရီးသွားလုပ်ငန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နိုင်ငံခြားငွေရှာဖွေပေးသော အဓိက အရင်းအမြစ်တစ်ခုပင်ဖြစ်ကာ ကမ္ဘာပေါ်တွင် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာနေသော လုပ်ငန်းတစ်ခုပင်ဖြစ်။
  • ပထမအဆင့်အနေဖြင့် ကိန်းဂဏန်းဆိုင်ရာ သုတေသနသင်တန်းကို စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ကာ စုစုပေါင်းသင်တန်းသား (၅၀) ဦးဖြင့် ဖွင့်လှစ်သွားမည်ဖြစ်။
  • မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်။
  • ခရီးသွားလုပ်ငန်းသုတေသနစင်တာစီမံကိန်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ (၁) နှစ်စီမံကိန်းဖြစ်ပြီး စင်တာနှင့် သုတေသနလုပ်ငန်းအဖွဲ့ တို့ကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်။

Add new comment