သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကျင်းပသည့် ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ (Mini Gems Emporium) ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဒီဇင်ဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ၆ ရက်ကြာ ကျင်းပခဲ့ပြီး ပုလဲအတွဲပေါင်း ၃၃၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၆၂၂ တွဲကို ရောင်းချနိုင်ခဲ့ပါသည်။
ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၇၈၀ တွဲကို ဒီဇင်ဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပြည်တွင်းပြည်ပ ရတနာကုန်သည်များက စိတ်ကြိုက်လေ့လာကြည့်ရှုပြီး ၎င်းတို့နှစ်သက်ရာ ပုလဲအတွဲနှင့် ကျောက်စိမ်းအတွဲများကို တင်ဒါစနစ်ဖြင့် ဝယ်ယူခဲ့ကြကြောင်း သိရှိရပါသည်။
- ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲ(Mini Gems Emporium)ကို ဒီဇင်ဘာလ ၁၇ ရက်မှ ၂၂ ရက် အထိ ၆ ရက်ကြာကျင်းပခဲ့ပြီး ပုလဲအတွဲပေါင်း ၃၃၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၆၂၂ တွဲ ရောင်းချနိုင်ခဲ့။
- ပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃၀ တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း ၇၈၀ တွဲကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပြည်တွင်း ပြည်ပရတနာကုန်သည်များက စိတ်ကြိုက်လေ့လာကြည့်ရှုပြီး ၎င်းတို့နှစ်သက်ရာ ပုလဲအတွဲနှင့် ကျောက်စိမ်းအတွဲများကို တင်ဒါစနစ်ဖြင့် ဝယ်ယူခဲ့။