နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၁၃ ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို သိုက်သိုက်ဝန်းဝန်းဖြင့် ကြီးကျယ် ခမ်းနားစွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီး အခမ်းအနားသို့ ဧည့်ပရိတ်သတ်များမပါ ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းစုစုပေါင်း ၁၀,၄၀၀ ကျော် အခမ်းအနား တက်ရောက်ခဲ့ကြောင်း။
- တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း အခက်အခဲများကြားမှပင် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ဒေသအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် ဖွံ့ဖြိုးတိုးတက်မှုများကိုထုတ်ဖော်ပြသနိုင်ခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီးချုပ်များနှင့် ဝန်ကြီးဌာနများ၏ အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကိုလည်း ကျေးဇူးတင်ရှိကြောင်း။
- စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကြီးကို ကြိုတင်ပြင်ဆင်ချိန် နည်းပါးခဲ့သော်လည်း အားလုံးညီညွတ်စွာစုစည်း၍ စနစ်တကျဖြင့် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ခဲ့သဖြင့် သမိုင်းတွင် မှတ်ကျောက်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း။
- မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောမှုရှိရန်၊ စားရေရိက္ခာပေါများရေးကို နိုင်ငံ၏လုပ်ငန်းစဉ် ပထမအချက်အနေဖြင့် ဦးစားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
- ဒုတိယအချက်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် တည်ဆောက်ရန်၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို တည်ဆောက်ရန်ဖြစ်ကြောင်း။
- တတိယအချက်အနေဖြင့် နိုင်ငံ၏ ဓနအင်အား တိုးတက်လာချိန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာချိန်၊ နိုင်ငံရေးအရလည်း တည်ငြိမ်မှုရှိလာသည့်အချိန်တွင် နိုင်ငံ၏လုံခြုံရေးကို အပြည့်အဝအကာအကွယ်ပေးနိုင်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အား ပြည်တွင်းအားဖြင့် တည်ဆောက်၍ စွမ်းရည်၊ စွမ်းအား ရှိသည့် တပ်မတော်ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပါဝင်သည့် စုစည်းညီညွတ်သည့် ကာကွယ်မှုဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
- တစ်ပါးသူများကို လိုအပ်သည်ထက် ပိုမိုအားကိုးနေခြင်းထက် မိမိကိုယ်ကို ရပ်တည်ပြီး ကြိုးစားဆောင်ရွက်မှသာ နိုင်ငံတိုးတက်မည်ဖြစ်သဖြင့် ပြည်တွင်း၏ အားဖြင့်သာ နိုင်ငံတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- မြန်မာနိုင်ငံအတွင်းရှိ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့သည် အခြားပြည်နယ်များထက် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ရာသီဥတု ပြင်းထန်ခြင်း၊ စိုက်ပျိုးမြေရှားပါးခြင်း သစ်တောနှင့်သယံဇာတ ထွက်ရှိမှု နည်းပါးခြင်း၊ တောတောင်ထူထပ်၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ပညာရေး၊ ကျန်းမာရေး စသည့်အခက်အခဲများရှိနေသည့်အတွက် ထိုသို့ အခက်အခဲများရှိနေသည့် ပြည်နယ်များကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းချစ်၊ ပြည်ချစ်စိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်လိုကြောင်း။
- မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေး ရည်မှန်းချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
- ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်များကို အကျိုးရှိစွာ အသုံးချနိုင်ရန်လိုအပ်ပြီး အချို့ပြည်နယ်များတွင် ပညာရေးအရ အားနည်းသဖြင့် လူ့စွမ်းအားအရင်းအမြစ်များနည်းပါးသည်ကို တွေ့ရှိရသောကြောင့် ပြည်နယ်များ၏ ပညာရည်မြှင့်တင်ရေးအတွက် လက်တလောကာလတွင် ဦးစား ပေးဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- ယခုအခါ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိသော်လည်း အချို့ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် နိုင်ငံရေးမတည်ငြိမ်မှု၊ ပညာရေးဝန်ထမ်းများ လျော့နည်းမှုနှင့် ခြိမ်းခြောက်ခံရမှုတို့ကြောင့် ပညာသင်ကြားနိုင်မှုမရှိသည်ကိုတွေ့ရှိရကြောင်း။
- တိုင်းဒေကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ပညာသင်ကြားရေးကို အားပေးဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာသင်ကြားနိုင်ရေး ဦးစားပေးအလေးထားဆောင်ရွက်ကြရန် လိုကြောင်း။
- တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် စာသင်ကျောင်းများအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး အားပေးကူညီဆောင်ရွက်ကြရန်နှင့် ပညာသင်ကြားရေးအတွက် တာဝန်ပြန်လည် ထမ်းဆောင်လိုသည့် ဝန်ထမ်းများရှိပါကလည်း ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးရန် လိုကြောင်း။
- ပညာရေးဝန်ထမ်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ အမျိုးသမီးများဖြစ်ကြသဖြင့် အများအားဖြင့် ရှက်တတ်ကြောက်တတ်မှုရှိကြသည့်အတွက် အဆိုပါအားနည်းချက်ကို အခွင့်ကောင်းယူ အသုံးချကာ အကြောင်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဆောင်ရွက်ခြင်းများပြုလုပ်၍ အနိုင်ကျင့်ဆောင်ရွက်မှုများရှိသဖြင့် မိမိတို့အနေဖြင့် ကာကွယ်ဆောင်ရွက်ပေးရန်လိုကြောင်း။
- ပညာသင်ကြားရေးနှင့် ပတ်သက်၍ ဆရာ၊ ဆရာမများကို ပညာအရည်အချင်းအလိုက် ချီးမြှင့်ငွေများ ချီးမြှင့်ပေးလျက်ရှိပြီး ဆက်လက်၍လည်း ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။
- ကျန်းမာရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် မျှော်မှန်းသက်တမ်းမှာ အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် အနိမ့်ဆုံးဖြစ်ကြောင်း၊ ကျန်းမာမှသာ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှသာ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံတွင် ၁၉၉၅ ခုနှစ်ခန့်မှစ၍ မွေးထုတ်ပေးလိုက်သည့် ဆေးတက္ကသိုလ်အသီးသီးမှ ကျောင်းဆင်းဆရာဝန်များ များစွာရှိပြီး ပြည်တွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဝင်ရောက်ထမ်းဆောင်ပါက အင်အားအရ လုံလောက်သည်ထက်ပင် ပိုမိုသော်လည်း အများစုမှာ နိုင်ငံအတွက်တာဝန် ထမ်းဆောင်ခြင်းထက် ကိုယ်ပိုင်ဆေးခန်းများ ဖွင့်လှစ်ခြင်းနှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကိုသာ ဆောင်ရွက်နေကြခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိကြောင်း။
- ယခင်က ဝေးလံခေါင်ဖျားသည့်ဒေသများတွင် ကျန်းမာရေးဝန်ထမ်းများ လိုအပ်ချက်အရ တပ်မတော်မှဆရာဝန်များကို တာဝန်ထမ်းဆောင်နိုင်ရန် စေလွှတ်ပေးခဲ့ချိန်တွင်လည်း ကန့်ကွက်မှုများရှိခဲ့ကြောင်း။
- နိုင်ငံ့တာဝန်များကို သစ္စာရှိစွာဖြင့် ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း များကိုလည်း လေးနက်စွာအသိအမှတ်ပြုသကဲ့သို့ CDM ပြုလုပ်သွားသည့် ကျန်းမာရေးဝန်ထမ်းများ တာဝန်ပြန်လည် ထမ်းဆောင်ရေးအတွက်လည်း တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း။
- စီးပွားရေးနှင့်ပတ်သက်၍ မြေပေါ်မြေအောက် သယံဇာတများ၊ ရေနှင့်မြေများကို အကျိုးရှိစွာ အသုံးချရန်လိုကြောင်း။
- စိုက်ပျိုးရေးလုပ်ငန်းများအတွက် မြေဩဇာများလိုအပ်ချက်ရှိသည့်အတွက် ဒေသအလိုက် မွေးမြူရေးလုပ်ငန်းများကို လှောင်မွေးသည့်စနစ်ဖြင့် စနစ်တကျ မွေးမြူ ဆောင်ရွက်ခြင်းဖြင့် ဇီဝမြေဩဇာများ ရရှိမည်ဖြစ်ကြောင်း။
- စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုတွဲဖက်၍ ဆောင်ရွက်မည်ဆိုပါက လေလွင့်ဆုံးရှုံးမှု နည်းပါးပြီး ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်အောင် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံတွင် ဝါစိုက်ပျိုးမှုများရှိပြီး အဆင့်မြင့်ချည်များ ထုတ်လုပ်နိုင်ရေး ဝါမျိုးကောင်းမျိုးသန့်များ ရရှိရေးအတွက် ပြည်ပနိုင်ငံများမှ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှချည်ထည်များအား ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးခန့် တင်သွင်းခဲ့ရကြောင်း၊ အဆင့်မြင့်ချည်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဝါစိုက်ပျိုးမှုများကို အားပေးဆောင်ရွက်ရန်လိုကြောင်း။
- ဆောက်လုပ်ရေးလုပ်ငန်းအတွက်လိုအပ်သည့် ဘိလပ်မြေထုတ်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များပြားသဖြင့် အပြည့်အဝ ထုတ်လုပ်နိုင်မှုမရှိသေးကြောင်း၊ ပြည်တွင်းလိုအပ်ချက်အား ပြည်ပမှတင်သွင်းခြင်းထက် ပြည်တွင်းရှိ စက်ရုံများကို အပြည့်အဝလည်ပတ်၍ အတတ်နိုင်ဆုံး ထုတ်လုပ်ပေးနိုင်မည်ဆိုပါက ပြည်ပငွေကုန်ကျမှုများစွာ လျော့နည်းသွားမည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေး ကောင်းမွန်လာမည်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံတွင် ပြည်ပကြွေးမြှီများစွာရှိပြီး နှစ်စဉ်ပြန်လည်ပေးဆပ်နေရမှု များပြားကြောင်း၊ ယခင်က ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိဘဲ ပြည်ပမှတင်သွင်းမှုများ အများဆုံးဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေများ များပြားခဲ့ခြင်းဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု လွဲမှားခဲ့ခြင်းများကြောင့် မိမိတို့နိုင်ငံအတွက် ငွေကြေးမြောက်များစွာ ဆုံးရှုံး နစ်နာမှုများ ရှိခဲ့ကြောင်း။
- ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံအတွက်များစွာ အကျိုးဖြစ်ထွန်းစေသဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပြည်တွင်း စက်မှုလုပ်ငန်းများနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
- ကျေးလက်နေပြည်သူများ ပညာရေး၊ စီးပွားရေးနှင့် လူနေမှုဘဝ မြှင့်တင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
- မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်အား တာဝန်ယူဆောင်ရွက်ရာတွင် အချိန်ကာလအားဖြင့် နည်းပါးသောကြောင့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှလွဲ၍ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။
- တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအားလုံး ဒေသအလိုက် ဖွံ့ဖြိုးရေး အတွက် စိတ်စေတနာကောင်းစွာဖြင့် ဆောင်ရွက်ကြမည်ဆိုပါက မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ ရှင်းလင်းတင်ပြချက်များအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- စိုက်ပျိုးမြေများ လျော့နည်းမှုမရှိစေရေးအတွက် အခြားနည်းဖြင့် အသုံးပြုမှု များကို အတတ်နိုင်ဆုံး မဖြစ်မနေ အခြေအနေမှသာ ဆောင်ရွက်ကြစေလိုပြီး နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်၊ ချောင်းများမှ ရေကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် လူသားအကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးခ ကြစေလိုကြောင်း။
- အဆိုပါ မြစ်၊ ချောင်းများတွင် လျှပ်စစ်ထုတ်လုပ်နိုင်ပါက ဓာတ်အားမဂ္ဂဝပ် ၄၀,၀၀၀ ကျော် ထုတ်လုပ်နိုင်မည့်ဟု ပညာရှင်များက ခန့်မှန်းထားကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံတွင် လျှပ်စစ်ထုတ်လုပ်နိုင်သည့် အခြားအနေများလည်း များစွာရှိကြောင်း။
- လျှပ်စစ်မီးနှင့် စက်သုံးဆီချွေးတာရေး ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်မီးသုံးစွဲရာတွင် ဓာတ်အားသုံးစွဲမှုကို လျော့နည်းစေသည့် လျှပ်စစ်ပစ္စည်းများကို သုံးစွဲခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားကို အသုံးပြုသည့်ရာခိုင်နှုန်း များစွာလျော့နည်းသွားမည်ဖြစ်ပြီး ငွေကြေးကုန်ကျမှု သက်သာစေမည်ဖြစ်ကြောင်း။
- စက်သုံးဆီကို ပြည်ပမှအများဆုံး မှာယူတင်သွင်းနေရသည့်အတွက် နှစ်စဉ် တိုင်းပြည်မှ နိုင်ငံခြားငွေများစွာ သုံးစွဲနေရ၍ အမှန်တကယ်သုံးစွဲရန်လိုအပ်သည့် ကိစ္စရပ်များ၌သာ သုံးစွဲကြစေလိုကြောင်း။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် ကောင်းမွန်ရေးနှင့် မြို့ပတ်ရထားများ အပြည့်အဝပြေးဆွဲနိုင်ရေးကို အလေးထားစီစဉ်ဆောင်ရွက်သွားစေလိုသည့်အပြင် ကုန်စည်ပို့ဆောင်မှု ကောင်းမွန်စေရေးအတွက် ရထားများပုံမှန် ပြေးဆွဲနိုင်ရေး၊ ဘူတာရုံများ စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း။
- နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခြိုးခြံချွေတာ၍ စနစ်တကျသုံးစွဲရေးကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်သွားရန်လို ကြောင်းမှာကြားခဲ့။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
- စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကြီးကို ကြိုတင်ပြင်ဆင်ချိန် နည်းပါးခဲ့သော်လည်း အားလုံးညီညွတ်စွာစုစည်း၍ စနစ်တကျဖြင့် ခမ်းခမ်းနားနားဆောင်ရွက်နိုင်ခဲ့သဖြင့် သမိုင်းတွင် မှတ်ကျောက်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့။
- မိမိတို့အစိုးရအနေဖြင့် တိုင်းပြည်သာယာဝပြောမှုရှိရန်၊ စားရေရိက္ခာပေါများရေးကို နိုင်ငံ၏လုပ်ငန်းစဉ် ပထမအချက်အနေဖြင့် ဦးစားပေး ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒုတိယအချက်အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု စနစ်ကို တည်ဆောက်ရန်ဖြစ်။
- တတိယအချက်အနေဖြင့် နိုင်ငံ၏ ဓနအင်အားနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာချိန်နှင့် နိုင်ငံရေးအရလည်း တည်ငြိမ်မှုရှိလာသည့်အချိန်တွင် နိုင်ငံ၏လုံခြုံရေးကို အပြည့်အဝအကာအကွယ်ပေးနိုင်သည့် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့အား ပြည်တွင်းအားဖြင့် တည်ဆောက်၍ စွမ်းရည်ရှိသည့် စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်။
- မိမိတို့ နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိသည့် ပြည်နယ်များကို ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်။
- တိုင်းဒေကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနေဖြင့် ဒေသအလိုက် ပညာသင်ကြားရေးကို အားပေးဆောင်ရွက်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံးပညာသင်ကြားနိုင်ရေး ဦးစားပေးအလေးထားဆောင်ရွက်ကြရန်။
- ဆေးတက္ကသိုလ်အသီးသီးမှ မွေးထုတ်ပေးလိုက်သည့် ကျောင်းဆင်းဆရာဝန်များ များစွာရှိပြီး ပြည်တွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ဝင်ရောက်ထမ်းဆောင်ပါက အင်အားအရ လုံလောက်သည်ထက်ပင် ပိုမိုသော်လည်း အများစုမှာ နိုင်ငံအတွက်တာဝန်ထမ်းဆောင်ခြင်းထက် ကိုယ်ပိုင် ဆေးခန်းများ ဖွင့်လှစ်ခြင်းနှင့် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများကိုသာ ဆောင်ရွက်နေကြခြင်းကြောင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိ။
- နိုင်ငံ့တာဝန်များကို သစ္စာရှိစွာဖြင့် ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို လည်း လေးနက်စွာ အသိအမှတ်ပြုသကဲ့သို့ CDM ပြုလုပ်သွားသည့် ကျန်းမာရေးဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရေးအတွက်လည်း တာဝန်ရှိသူများက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလို။
- စီးပွားရေးနှင့်ပတ်သက်၍ မြေပေါ်မြေအောက် သယံဇာတများ၊ ရေနှင့်မြေများကို အကျိုးရှိစွာ အသုံးချရန်လို။
- မိမိတို့နိုင်ငံအနေဖြင့် ပြည်ပမှချည်ထည်များအား ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံဖိုးခန့် တင်သွင်းခဲ့ရ၍ အဆင့်မြင့်ချည်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်မည်ဆိုပါက စိုက်ပျိုးရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ဝါစိုက်ပျို မှုများကို အားပေးဆောင်ရွက်ရန်လို။
- ယခင်က ပြည်တွင်းစက်မှုလုပ်ငန်းများနှင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အားပေး မှုမရှိဘဲ ပြည်ပမှတင်သွင်းမှုများ အများဆုံး ဆောင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုလိုငွေများ များပြားခဲ့ခြင်းဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု လွဲမှားခဲ့ခြင်းများကြောင့် မိမိတို့နိုင်ငံအတွက် ငွေကြေးမြောက်များစွာ ဆုံးရှုံးနစ်နာမှုများရှိခဲ့။
- မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်အား တာဝန်ယူဆောင်ရွက်ရာတွင် အချိန်ကာလ အားဖြင့် နည်းပါးသောကြောင့် ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မှလွဲ၍ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ထိန်းသိမ်းဆောင်ရွက်ရန်လို။
- စိုက်ပျိုးမြေများ လျော့နည်းမှုမရှိစေရေးအတွက် အခြားနည်းဖြင့် အသုံးပြုမှုများကို အတတ်နိုင်ဆုံး မဖြစ်မနေ အခြေအနေမှသာ ဆောင်ရွက်ကြစေလိုပြီး နိုင်ငံအတွင်း စီးဆင်းနေသည့် မြစ်၊ ချောင်းများမှ ရေကို နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့် လူသားအကျိုးပြုလုပ်ငန်းများတွင် အကျိုးရှိရှိ အသုံးချကြစေလို။
- နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ခြိုးခြံချွေတာ၍ စနစ်တကျသုံးစွဲရေးကို တာဝန်ရှိသူများက အလေးထားဆောင်ရွက်သွားရန်လို။
Add new comment