မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ကြေညာချက်

   သတင်းမီဒီယာသမားများအနေဖြင့် သတင်းရေးသားဖော်ပြမှုများတွင် ယခင်အစိုးရလက်ထက်မှ တာဝန်ယူခဲ့သော လူပုဂ္ဂိုလ်အမည်၊ ရာထူး၊ ဌာနများကို ယခင်သုံးစွဲခေါ်ဝေါ်မှု အတိုင်း ဆက်လက်သုံးစွဲ၍ လက်ရှိရာထူးရှိနေသည့်သဖွယ် ဖော်ပြခြင်းမပြုရန် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ဒီဇင် ဘာလ ၂၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

  • သတင်းမီဒီယာဌာနများအနေဖြင့် ကျင့်ဝတ်နှင့်အညီ သတင်းရေးသားဖော်ပြရာတွင် တည်ဆဲအစိုးရအဖွဲ့၏ အမည်၊ ရာထူး၊ ဌာနနှင့်အင်္ဂါစဉ်များကိုလည်းကောင်း၊ ယခင်အစိုးရအဖွဲ့နှင့်ပတ်သက်သည့် ရာထူး၊ ဌာန၊ လူပုဂ္ဂိုလ် အသုံး အနှုန်းများကိုလည်းကောင်း သိရှိလေ့လာပြီး လျော်ညီမှန်ကန်စွာ သတင်း ရေးသားဖော်ပြရန် လိုအပ်။
  • အချို့သတင်းမီဒီယာသမားများအနေဖြင့် သတင်းရေးသားဖော်ပြမှုများတွင် ယခင်အစိုးရလက်ထက်မှ တာဝန်ယူခဲ့ သော လူပုဂ္ဂိုလ်အမည်၊ ရာထူး၊ ဌာနများကို ယခင်သုံးစွဲခေါ်ဝေါ်မှုအတိုင်း ဆက်လက်သုံးစွဲပြီး လက်ရှိရာထူးရှိနေ သည့်သဖွယ် ဖော်ပြနေသည်ကို တွေ့ရှိရ၍ ဥပဒေအရငြိစွန်းမှုများ ဖြစ်ပေါ် လာပါက မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီအနေဖြင့် တစ်စုံတစ်ရာ ကူညီဖြေရှင်းဆောင်ရွက်ပေးမည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့။