ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ သန်းဦး၊ မြောက်ဥက္ကလာပမြို့နယ်နေ ဆုရည်ပိုင်နှင့် မြင့်ဇော်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများဖြင့် ဆက်သွယ် ခြင်း/ငွေကြေးထောက်ပံ့ခြင်း၊ ဆူပူဆန္ဒပြသောင်းကျန်းမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်းနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည) အရ ၎င်းတို့အား “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်သွယ်ခြင်း/ငွေကြေးထောက်ပံ့ခြင်းနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့သည့် သန်းဦး၊ ဆုရည်ပိုင်နှင့် မြင့်ဇော်တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအရ “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့် ချမှတ်ခဲ့။
Add new comment