နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား၍ ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြုခြင်းခံယူ

၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ဂုဏ်ပြုစစ်ကြောင်း များ၏ အလေးပြုခြင်းကို ခံယူခဲ့ပါသည်။

 အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယဗိုလ်ချုပ်ကြီးများ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း (၇) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် NCA စာချုပ်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်း(၄)ဖွဲ့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား/တိုင်းရင်းသူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ချီတက်အလေးပြုကြမည့် စစ်ကြောင်းတပ်ခွဲများသည် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စု နေ့ဂုဏ်ပြုအခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဂုဏ်ပြုအခမ်းအနား ကျင်းပမည့် ဥပစာရင်ပြင်ရှိ အလေးပြုခံစင်မြင့်သို့ရောက်ရှိရာ အမြောက်တပ်ဖွဲ့က အမြောက် (၂၁) ချက် ပစ်‌ဖောက်ဂုဏ်ပြုပြီး စစ်ကြောင်းတပ်ခွဲများနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက အလေးပြုကြပါသည်။

ထို့နောက် “ပြည်ထောင်စုအလံတော်”ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် ဦးဆောင်၍  တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများခြံရံကာ နေပြည်တော်မြို့တော်ခန်းမမှ အခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်သို့  ပြည်ထောင်စုလှေဖြင့် သယ်ဆောင်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းထံ “ပြည်ထောင်စုအလံတော်”ကို လွှဲပြောင်းပေးအပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက “ပြည်ထောင်စုအလံတော်”အား စင်မြင့်ထက်ရှိ ငွေဖလား၌ စိုက်ထူခဲ့ပါသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် စစ်ကြောင်းတပ်ခွဲများ၊ အခမ်းအနားသို့ တက်ရောက်လာကြသူများက “ပြည်ထောင်စုအလံတော်”ကို အလေးပြုကြပြီး (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သစ္စာအဓိဌာန်ရွတ်ဆိုကြပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်ထံ “ပြည်ထောင်စု အလံတော်” ကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

 နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က “ပြည်ထောင်စုအလံတော်”ကို တစ်နှစ်တာရပ်နားမည့် နေပြည်တော်မြို့တော်ခန်းမသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အလံစောင့်အဖွဲ့နှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ ခြံရံ၍ ပြည်ထောင်စုလှေဖြင့် ပြန်လည်သယ်ဆောင်ကြပါသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ကို တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံတော်အဖွဲ့ များ၊ ကိုယ်စားပြုတပ်ခွဲများနှင့် စစ်တီးဝိုင်းအဖွဲ့များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားပြုတပ်ခွဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံတော်အဖွဲ့နှင့် ကိုယ်စားပြုတပ်ခွဲ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အလံတော်အဖွဲ့နှင့် ကိုယ်စားပြုတပ်ခွဲ၊ အ.ထ.က(၁)ကျောင်းသား၊ ကျောင်းသူများ၏ ဘင်ခရာအဖွဲ့နှင့် နိုင်ငံတော်ဗဟိုစစ်တီးဝိုင်းတို့က ချီတက်အလေးပြုကြသည်။

 ထိုသို့ ချီတက်အလေးပြုနေစဉ် ကြိုးကြာအုပ်ဖွဲ့ (၁) မှ Mi -17 ရဟတ်ယာဉ် တစ်စင်းသည် နိုင်ငံတော်အလံကို ချိတ်ဆွဲ၍ Eurocopter ရဟတ်ယာဉ် နှစ်စင်းတို့က စောင့်ကြပ်လိုက်ပါပျံသန်းကာ အမျိုးအစားမတူအုပ်ဖွဲ့ပုံသဏ္ဍာန်ပုံစံဖြင့်လည်းကောင်း၊ ကြိုးကြာအုပ်ဖွဲ့ (၂)မှ Mi-17 ရဟတ်ယာဉ် လေးစင်းနှင့် Mi-35P ရဟတ်ယာဉ် သုံးစင်း၊ H-120 ရဟတ်ယာဉ် သုံးစင်း၊ H-125 ရဟတ်ယာဉ် နှစ်စင်းတို့က ပြည်နယ်နှင့် တိုင်းဒေသကြီးအလံများကို ချိတ်ဆွဲ၍လည်းကောင်း၊ အာကာအုပ်ဖွဲ့မှ Y-12 လေယာဉ် သုံးစင်းက မြားဦးသဏ္ဍာန်အုပ်ဖွဲ့ပုံစံဖြင့်လည်းကောင်း၊ ရန်အောင်အုပ်ဖွဲ့မှ ATR-42  သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်း၊ Beech -1900 D သယ်ယူပို့ဆောင်ရေး လေယာဉ်နှစ်စင်းတို့သည် အမျိုးအစားမတူ အုပ်ဖွဲ့ပုံသဏ္ဍာန်ဖြင့်လည်းကောင်း၊ ရဲမာန် အုပ်ဖွဲ့မှ K-8 W ဂျက်တိုက်လေယာဉ် ငါးစင်းတို့သည် မြားဦးပုံသဏ္ဍာန်အုပ်ဖွဲ့ပုံစံ ပျံသန်းပြီး နိုင်ငံတော်အလံကို ကိုယ်စားပြုသည့် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးတန်း Smoke Trail များကို ထုတ်လွှတ်၍ လည်းကောင်း၊ ယက္ခအုပ်ဖွဲ့မှ Yak-130 တိုက်လေယာဉ် လေးစင်း၊ သူရိန်အုပ်ဖွဲ့မှ F-7 ဂျက်တိုက်လေယာဉ် လေးစင်း၊ ရာဇာအုပ်ဖွဲ့မှ Mig -29 SE  ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ငါးစင်း၊ ရဲမာန်အုပ်ဖွဲ့မှ K-8 W ဂျက်တိုက်လေယာဉ် ငါးစင်းတို့သည် ဒုတိယအကြိမ်အဖြစ် ပျံသန်းပြီး နိုင်ငံတော်အလံကို ကိုယ်စားပြုသည့် အဝါရောင်၊ အစိမ်းရောင်၊ အနီရောင် မီးခိုးတန်း Smoke Trail များကို ထုတ်လွှတ်၍လည်းကောင်း ဂုဏ်ပြုပျံသန်းအလေးပြုကြပါသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ထုတ်ကုန်များကို သရုပ်ဖော်ပြသထားသည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကိုယ်စားပြုအလှပြယာဉ်များနှင့် ဂုဏ်ပြုအကအဖွဲ့များက ရိုးရာသံစုံ တေးသီးချင်းများ ဖြင့်လည်းကောင်း ကပြဖျော်ဖြေ တင်ဆက်ကြပြီး တပ်မတော်(လေ) ရာဇာအုပ်ဖွဲ့မှ Mig-29 SM ဘက်စုံသုံး ဂျက်တိုက်လေယာဉ် ငါးစင်းသည် မြားဦးပုံစံအုပ်ဖွဲ့ ပျံသန်း လာပြီး Fan Break ခေါ် ယပ်တောင်ပုံစံဖြန့်ခွဲပြီး Flare မီးကျည်များ ပစ်လွှတ်၍ ဂုဏ်ပြုပျံသန်းအလေးပြုကြပါသည်။

 ဂုဏ်ပြုဖျော်ဖြေနေစဉ်အတွင်း နေပြည်တော်ကောင်စီနယ်မြေ ဇဗ္ဗူသီရိမြို့နယ် နှင့် ပျဉ်းမနားမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁,၁၀၀) တို့က ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အမည် စာလုံးများကို ညီညာလှပစွာပုံဖော်ပြသကြကြောင်း သိရှိရပါသည်။

  • (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်တွင် နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ဂုဏ်ပြု စစ်ကြောင်းများ၏ အလေးပြုခြင်းကို ခံယူခဲ့။
  • မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊ လူနေမှုစရိုက် များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် ထုတ်ကုန်များကို သရုပ်ဖော်ပြသထားသည့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် များအလိုက် ကိုယ်စားပြုအလှပြယာဉ်များနှင့် ဂုဏ်ပြုအကအဖွဲ့များက ရိုးရာသံစုံတေးသီးချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်။

Add new comment