ကျိုက်ထိုမြို့နယ်၌ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန် ရည်ရွယ်လျက် အကြမ်းဖက်သမားများက ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ဖေဖော်ဝါရီလ ၁၁ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းကျေးရွာ၊ မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာအကြားရှိ ရန်ကုန်-မော်လမြိုင်သွားရထားလမ်း သံလမ်းကူးတံတားအမှတ် ၃၈ (ပေ-၄၀) သံဖရိန်တံတားအား အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် မီးရထားသံလမ်း ဇလီဖားတုံး ၁၁ တုံးပျက်စီးခဲ့၍ မီးရထားများဖြတ်သန်းသွားလာခြင်းများ ရပ်ဆိုင်းထားခဲ့ရကြောင်း သိရှိရပါသည်။

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အဦများ၊ ပြည်သူပိုင်အိုးအိမ်များကို ဖျက်ဆီးလျက်ရှိသည့်အပြင် ယခုကဲ့သို့ လမ်းတံတားများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှု များရှိသည့်အတွက် ပြည်သူတစ်ရပ်လုံးက ၎င်းတို့အား ရွံရှာမုန်းတီးလျက်ရှိပါသည်။

ထိုကဲ့သို့ လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေရန် ရည်ရွယ်လျက် ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးရထားများ ပြန်လည်သွားလာ နိုင်ရေးအတွက် ပျက်စီးသွားသော ဇလီဖားတုံးများအား လဲလှယ်ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။

  • ကျိုက်ထိုမြို့နယ်၊ မရမ်းကျေးရွာ၊ မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာအကြားရှိ ရန်ကုန်-မော်လမြိုင်သွားရထားလမ်းအား အကြမ်းဖက်အဖွဲ့က လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် မီးရထားသံလမ်း ဇလီဖားတုံး ၁၁ တုံးပျက်စီးခဲ့၍ မီးရထားများဖြတ်သန်းသွားလာခြင်းများ ရပ်ဆိုင်းထားခဲ့။

Add new comment