တပ်မတော်ဆေးရုံများ၌ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ပြီးစီးမှုနှင့် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု့စစ်ဆေး

ကရင်ပြည်နယ်ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီးရှိ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး (ခုတင် ၅၀၀)၊ ဧရာဝတီတိုင်းဒေသကြီးရှိ နယ်မြေခံဆေးတပ်ရင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအား ဖေဖော်ဝါရီလ ၁၁ ရက်တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြော၍ စားသောက် ဖွယ်ရာများ ပေးအပ် ခဲ့ပါသည်။

ထို့နောက် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါဆေးရုံများရှိ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ပြီးစီးမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ ပြင်ဆင်ထားမှုအခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ မရမ်းကုန်းမြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့ရှိ နယ်မြေခံတပ်ရင်းများ၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများထားရှိရန် ကုသဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များက တပ်မတော်ဆေးရုံများ၌ အောက်ဆီဂျင်စက်ရုံဆောက်လုပ်ပြီးစီးမှုနှင့် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှု့စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။

Add new comment