ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲပြုလုပ်

၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေ သကြီး၊ ကျောက်တံတားမြို့နယ်၌ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရာတွင် မြို့နယ်အသီးသီးမှ ပြည်သူများက နိုင်ငံတော်အလံနှင့် တပ်မတော်အလံများကိုင်ဆောင်၍ ''တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်တမျှအရေးကြီးကြောင်း'' စာသားပါ ဆိုင်းဘုတ်ကို စိုက်ထူကာ ''ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး''ကြွေးကြော်သံများ ကြွေးကြော်ခြင်း၊ ထောက်ခံပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ဟောပြောခြင်းများဖြင့် အေးချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရပါသည်။ 

  • ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့။
  • မြို့နယ်အသီးသီးမှ ပြည်သူများက ''ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး''ကြွေးကြော်သံများ ကြွေးကြော်ခဲ့ပြီး အေးချမ်းစွာဆန္ဒထုတ်ဖော်ခဲ့၊၊

Add new comment