စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နှင့် ကြားနာဆဲပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းရေးအမိန့်များထုတ်ပြန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်သည့် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ထာဝရငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်သောပြစ်ဒဏ်အသီးသီးကို ကျခံပြီးဖြစ်သည့် အကျဉ်းသူ/သားတို့အား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဝင်များနှင့် ဆက်စပ်သူများ၏ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများ ပိတ်သိမ်းသည့်အမိန့်များ ထုတ်ပြန်ခဲ့ပါသည်-

  • အမိန့်အမှတ်၊ ၁၄/ ၂၀၂၂အရ ဘားအံအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် ဒေါ်နန်းခင်ထွေးမြင့်အား ပြစ်ဒဏ်များ၏ ထက်ဝက်ကာလ လွတ်ငြိမ်းသက်သာ ခွင့်ပြုခဲ့၊၊
  • အမိန့်အမှတ်၊ ၁၅/ ၂၀၂၂ အရ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားများအနက် ထိုက်သင့်သောပြစ်ဒဏ်များကို ကျခံပြီးဖြစ်သည့်ပြင် စည်းကမ်းကောင်းမွန်စွာနေထိုင်ကြသော အကျဉ်းသား(၈၁၄) ဦးတို့အား ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပြု၊၊
  • အမိန့်အမှတ်၊ ၁၆/၂၀၂၂ အရ အင်းစိန်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော သီရိလင်္ကာနိုင်ငံသား (၇) ဦးတို့ကို လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက် ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြု၊၊
  • အမိန့်အမှတ်၊ ၁၇/၂၀၂၂ နိုင်ငံတော်အတွင်းတရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော AA အဖွဲ့ဝင်များနှင့် ဆက်စပ်သူ (၄၆) ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန်အမိန့် ထုတ်ပြန်ခဲ့ပါသည်၊၊

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) တို့အရ အင်းစိန်ဗဟိုအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သည့် အကျဉ်းသား/သူများအား အကျဉ်းထောင်မှတ်တမ်းနှင့် တိုက်ဆိုင်စစ်ဆေးကာ စနစ်တကျလွှတ်ပေးခဲ့ပြီး ၎င်းတို့၏ သက်ဆိုင်ရာမြို့နယ်များအလိုက် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးသော မော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ပါသည်။

  • စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား/သူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ထုတ်ပြန်ခဲ့၊၊
  • နိုင်ငံတော်အတွင်းတရားရုံးအသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သော AA အဖွဲ့ ဝင်များနှင့် ဆက်စပ်သူ (၄၆) ဦး၏ တရားရုံးစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် အမိန့်ထုတ်ပြန်ခဲ့၊၊

Add new comment