ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quarantine Center များ အား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၂ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည် သူစုစုပေါင်း ၁၄၆,၁၉၂ ဦးအားလည်းကောင်း၊ ပထမ အကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၉၉,၅၀၇ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ် နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပြီးစီးမှုမှာ ဒီဇင်ဘာလ ၂၂ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ၅,၉၈၆ ဦးအားလည်းကောင်း၊ ပထမ အကြိမ်အဖြစ် ၅,၇၃၃ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၄၆၂,၅၀၃ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
· နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုးကူးစက်မှုမြင့်မားလာချိန်၌ မြန်မာနိုင်ငံ အနေဖြင့် လက်ရှိတွင် အိုမီခရွန်ရောဂါပိုးမတွေ့ရှိသေး သဖြင့် မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်မှုမရှိစေရန် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးထုတ် ပြန်ထားရှိ။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရန်အတွက် ဆောင်ရွက် ပေးလျက်ရှိရာ-
· ဒီဇင်ဘာလ ၂၂ ရက်တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၃ ခုမှ ယာဉ် ၇ စီးဖြင့် အောက်ဆီဂျင် (ဓာတ်ငွေ့)အိုးဖြင့် ၂ တန်၊ အောက်ဆီဂျင် (အိုးခွံ) ၁၇၅ ခု၊ အောက်ဆီဂျင် Plant ၁ ခု၊ လက်အိတ် ၆ တန်နှင့် နှာခေါင်းစည်း (Mask) ၃၁ တန်တို့ကို တင်သွင်းနိုင်ခဲ့။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလ ၂၂ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃,၅၇၇ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၉၉ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၄၇ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၂၂-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၃၇,၃၈၉ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၈,၈၃၈ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၂၃၅ ဦးရှိကြောင်း သိရှိရပါသည်။
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၂ ရက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၄၆,၁၉၂ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၉၉,၅၀၇ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
- ၂၂-၁၂-၂၀၂၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၄၆၂,၅၀၃ ဦး ကာကွယ် ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
- ၂၂-၁၂-၂၀၂၁ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅,၉၃၇,၃၈၉ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၂၈,၈၃၈ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၃၅ ဦးဖြစ်ပြီး ၂၂-၁၂-၂၀၂၁ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၄၇ ရာခိုင်နှုန်းရှိ။