နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်များမှာ-
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမိုင်းကြောင်းကို ပြန်ပြောင်းသုံးသပ်ကြည့်မည်ဆိုလျှင် တိုင်းရင်းသားသွေးချင်းများ၏ ချစ်ကြည်စုစည်းမှုကို တည်ဆောက်နိုင်သည့်ကာလများတွင် နိုင်ငံ့အင်အားတောင့်တင်းခိုင်မာ၍ စည်ပင်သာယာဝပြောခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားသွေး ချင်းများအကြားတွင် စည်းလုံးညီညွတ်မှုလျော့ပါးခဲ့သည့် ကာလများတွင်မူ နိုင်ငံ့အင်အားဆုတ်ယုတ်ခဲ့ပြီး နောက်ဆုံးတွင် သူ့ကျွန်ဘဝကျရောက်ခဲ့ရသည့် ခါးသီးသောအတွေ့အကြုံကို ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း။
- သူ့ကျွန်ဘဝ၌ နယ်ချဲ့အုပ်စိုးသူတို့က ၎င်းတို့၏စိုးမိုးခြယ်လှယ်မှု အဓွန့်ရှည်တည်တံ့စေရေးအတွက် တိုင်းရင်းသားသွေးချင်းတို့အကြားတွင် အမျိုးမျိုးသွေးခွဲသပ်လျှိုခဲ့ကြခြင်းကြောင့် တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု ပိုမိုလျော့ပါးခဲ့ရပြီး ပြည်ထောင်စုစိတ်ဓာတ် ပြိုကွဲခဲ့ရသည်မှာလည်း သတိပြု ဆင်ခြင်ဖွယ် သမိုင်းပေးသင်ခန်းစာတစ်ရပ်ပင်ဖြစ်ကြောင်း။
- ဆုံးရှုံးခဲ့ရသည့် နိုင်ငံ့လွတ်လပ်ရေး ပြန်လည်ရရှိရန်အတွက် တိုင်းရင်းသားပြည်သူများက တပ်မတော်နှင့်လက်တွဲကာ အသက်သွေးချွေးပေါင်းများစွာပေးဆပ်၍ မလျှော့သောဇွဲလုံ့လဖြင့် အခက်အခဲများစွာကို ရင်ဆိုင်ဖြတ်သန်းကြိုးပမ်းခဲ့ကြကြောင်း။
- ပြည်ထောင်စုစိတ်ဓာတ်အရင်းခံသည့် စည်းလုံးညီညွတ်မှု၏ အထိမ်းအမှတ်သက်သေအဖြစ် တောင်တန်းနှင့် မြေပြန့်တပေါင်းတစည်းတည်း လွတ်လပ်ရေးရယူကြရန် သန္နိဋ္ဌာန်ဖြင့် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၂ ရက်ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင် သတ်မှတ်ဂုဏ်ပြုခဲ့ကြသည်မှာ ယနေ့ဆိုလျှင် (၇၅) နှစ်ပြည့် မြောက်ခဲ့ပြီးဖြစ်ကြောင်း။
- လွတ်လပ်ရေးရရှိပြီး မကြာမီမှာပင် အကြောင်းအမျိုးမျိုးကြောင့် စည်းလုံးညီညွတ်မှု ပျက်ပြားကာ စတင်ဖြစ်ပွားခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ယနေ့ကာလထိတိုင်အောင် အပြီးတိုင်မဖြေရှင်းနိုင်သေးခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရသည်ကို တိုင်းရင်းသားညီနောင်များအားလုံး ကောင်းစွာသဘောပေါက်သိမြင်ကြပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးကို အပြည့်အဝဖော်ဆောင်နိုင်ခြင်း မရှိသေးသမျှကာလပတ်လုံး ဖွံ့ဖြိုးတိုးတက်မှု၏ အသီးအပွင့် များကို ပြည်ထောင်စုသားအချင်းချင်း ဝေမျှခံစားနိုင်ရန် အခွင့်အလမ်းများ နည်းပါးနေဆဲဖြစ်ကြောင်း။
- နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ ပကတိလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် တိုင်းရင်းသားညီနောင်များအားလုံး တန်းတူခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်မာ သည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ထိ လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အပြင် ဘုံသဘောတူညီချက်များရယူနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်များကို သဘောတူညီခဲ့ကြပြီးဖြစ်ကြောင်း။
- မိမိတို့နိုင်ငံ၏ငြိမ်းချမ်းရေးကို မိမိတို့တိုင်းရင်းသားအားလုံးကပင် မဖြစ်မနေဖော်ဆောင်ကြရမည်ဖြစ်ရာ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူအားလုံးအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) ပါ သဘောတူညီချက်များအတိုင်း တတ်နိုင်သမျှ အလေးထားဆောင်ရွက်ကြပါရန် တိုက်တွန်းလိုကြောင်း။
- အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီးတည်ဆောက်ရေး၏ အခြေခံအုတ်မြစ်မှာလည်း ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲ မှန်ကန်လှသည့် ထာဝရ အမှန်တရားပင်ဖြစ်ကြောင်း။
- တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး အချင်းချင်းအပြန်အလှန် ချစ်ခင်လေးစားယုံကြည်မှုဖြင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးတည်ဆောက်မည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံတော်ကြီးကို ပြည်ထောင် စုစိတ်ဓာတ်ဖြင့်သာ ခိုင်ခိုင်မာမာတည်ဆောက်နိုင်မည်ဖြစ်သဖြင့် အရည်အချင်းပြည့်ဝ၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များကိုလည်း စဉ်ဆက်မပြတ် ပြုစုပျိုးထောင်သွားရမည်ဖြစ်ကြောင်း။
- နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးသည် အလွန်အရေးကြီးပြီး မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကိုထိပါက မချိအောင်နာသည့် စိတ်ပင်ဖြစ်သည့်အပြင် မျိုးချစ် စိတ်ဓာတ်အားနည်းပါက တိုင်းပြည်နှင့် လူမျိုးအတွက် များစွာအန္တရာယ်ရှိကြောင်း။
- ဒီမိုကရေစီကိုဖော်ဆောင်ရာတွင် နိုင်ငံတော်အတွက် အရေးအကြီးဆုံးသောလုပ်ငန်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးပင်ဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်နှင့်အတူ ထာဝစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အလေးအနက်တိုက်တွန်းလိုကြောင်း။
၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်ကို တိုင်းရင်းသားပြည်သူအားလုံးက အလေးအနက်ခံယူပြီး တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက်စည်းလုံးညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ အကောင်အထည်ဖော်ဆောင်ရွက်ကြပါရန် ဤနေ့ထူးနေ့မြတ်ဖြစ်သော စိန်ရတုပြည်ထောင်စုနေ့ အခါသမယတွင် ချစ်ကြည်လေးစားစွာတိုက်တွန်းနှိုးဆော်လျက် သဝဏ်လွှာပေးပို့ခဲ့ပါသည်။
- အတိတ်သမိုင်း၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည် အရင်းခံဖြစ်သလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် အနာဂတ်ပြည်ထောင်စုကြီးတည်ဆောက်ရေး၏ အခြေခံအုတ်မြစ်မှာလည်း ပြည်ထောင်စုစိတ် ဓာတ်ပင်ဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲ မှန်ကန်လှသည့် ထာဝရအမှန်တရားပင်ဖြစ်။
- ဒီမိုကရေစီကိုဖော်ဆောင်ရာတွင် နိုင်ငံတော်အတွက် အရေးအကြီးဆုံးသောလုပ်ငန်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးပင်ဖြစ်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း ဒို့တာဝန်အရေးသုံးပါးကို တပ်မတော်နှင့်အတူ ထာဝစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်။
- တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး အချင်းချင်းအပြန်အလှန် ချစ်ခင်လေးစားယုံကြည်မှုဖြင့် စည်းလုံးညီညွတ်သည့် ပြည်ထောင်စုကြီးတည်ဆောက်မည်ဟူသော ခိုင်မာသည့်သန္နိဋ္ဌာန်သည် ပြည်ထောင်စုစိတ်ဓာတ်ပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းတည်ငြိမ်သည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်နိုင်ငံတော်ကြီးကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ခိုင်ခိုင်မာမာတည်ဆောက်နိုင်မည်ဖြစ်သဖြင့် အရည်အချင်း ပြည့်ဝ၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များကိုလည်း စဉ်ဆက်မပြတ် ပြုစုပျိုးထောင်သွားရမည်ဖြစ်။
- နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသားများ၏ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးသည် အလွန်အရေးကြီးပြီး မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မိမိတိုင်းပြည်၊ မိမိလူမျိုး၊ မိမိ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသည့်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကိုထိပါက မချိအောင်နာသည့် စိတ်ပင်ဖြစ်သည့်အပြင် မျိုးချစ်စိတ်ဓာတ်အားနည်းပါက တိုင်းပြည်နှင့်လူမျိုးအတွက် များစွာအန္တရာယ်ရှိ။
Add new comment