နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ဖေဖေါ်ဝါရီလ ၁၀ ရက်တွင် နယ်မြေခံတပ်ဌာနချုပ် ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့ရာတွင်-

  • မြစ်ချောင်းများအတွင်း ငါးများစနစ်တကျစိုက်ထည့်ရန်လိုအပ်ကြောင်း၊ နွားနှင့် ဆိတ်များ မွေးမြူရာတွင်လည်း လှောင်မွေးသည့်စနစ်ဖြင့် မွေးမြူမည်ဆိုပါက မွေးမြူရေးပိုင်းတွင်သာမက စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် သဘာဝဓာတ်မြေဩဇာများပါ ရရှိမည်ဖြစ်သဖြင့်ပိုမိုအကျိုး ဖြစ်ထွန်းမည် ဖြစ်ကြောင်း။

  • မကွေးတိုင်းဒေသကြီးအတွင်း အသားတိုးကြက်များသာမက ဥစားကြက်များကိုပါ အရေအတွက်များများ မွေးမြူသင့်ကြောင်း၊ ကြက်များမွေးမြူရာတွင် ခေတ်မီမွေးမြူရေး စနစ်ဖြစ်သည့် လေအေးပေးစနစ် (Evaporation Type) ဖြင့် မွေးမြူပါက ပိုမိုဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း။

  • ဆီထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆီကြိတ်စက်များ ခေတ်မီအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ကြိတ်ဖတ်များမှ မြေဩဇာနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း။

  • ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း တစ်ဧကအထွက်နှုန်းများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း။

  • နိုင်ငံတော်ပိုင် လယ်ထွန်စက်စက်ရုံများမှ လယ်ထွန်စက်များ ထုတ်လုပ်ရန်လိုသကဲ့သို့ ပုဂ္ဂလိကပိုင်စက်ရုံများကိုလည်း မြေတောင်မြှောက်ပေးရန်လိုကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း။

  • စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဧကကွက်များဖြင့်စိုက်ပျိုး၍ စက်မှုလယ်ယာစနစ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ စက်မှုလယ်ယာစနစ်အား ဖော်ဆောင်ရာတွင် ကုန်ထုတ်လုပ်ငန်းများပါ ထည့်သွင်းဆောင်ရွက်ပေးရန်လိုကြောင်းနှင့် စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အလုပ်သမားရှားပါးမှုပြဿနာများကိုလည်း ပြေလည်စေမည်ဖြစ်ကြောင်း။

  • ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးပြီး လိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်း၌ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရပေးထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ရန်လိုကြောင်း၊ အုပ်ချုပ်သည့် အစိုးရအဖွဲ့အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်ဆင့်တို့တွင် ဉပဒေနှင့်အညီ ပြည်သူများ၏ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးရန်လိုသဖြင့် လုပ်သင့်သည့်အရာအားလုံး လုပ်ဆောင်ရန်လိုကြောင်းဖြင့် မှာကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ခဲ့ကြပါသည်။

  • နိုင်ငံတော်ပိုင် လယ်ထွန်စက်စက်ရုံများမှ လယ်ထွန်စက်များ ထုတ်လုပ်ရန် လိုသကဲ့သို့ ပုဂ္ဂလိကပိုင်စက်ရုံများကိုလည်း မြေတောင်မြှောက်ပေးရန်လိုကြောင်း၊ ထိုသို့ထုတ်လုပ်ရာတွင်လည်း အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာ စွာဖြင့် တောင်သူများသုံးစွဲနိုင်ရေး ဆောင်ရွက်ပေးရန်လို။
  • စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဧကကွက်များဖြင့်စိုက်ပျိုး၍ စက်မှုလယ်ယာစနစ်ဖြင့် ဆောင်ရွက်ရန်လို၊ စက်မှုလယ်ယာစနစ်အား ဖော်ဆောင်ရာတွင် ကုန်ထုတ်လုပ်ငန်းများပါ ထည့်သွင်းဆောင်ရွက်ပေးရန်လို၊ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အလုပ်သမား ရှားပါးမှု ပြဿနာများကိုလည်း ပြေလည်စေမည်ဖြစ်ကြောင်း။
  • ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးပြီး လိုအပ်ချက်များကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးရန်လို၊ အုပ်ချုပ်ရေးပိုင်း၌ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ဖြင့်သာ ဆောင်ရွက်လျက်ရှိ၍ ဥပဒေအရပေးထားသည့် လုပ်ပိုင်ခွင့်များအတိုင်း ဆောင်ရွက်ရန်လို၊ အုပ်ချုပ်သည့် အစိုးရအဖွဲ့အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ဆင့်တို့တွင် ဥပဒေနှင့်အညီ ပြည်သူများ၏ ကောင်းကျိုးအတွက် ဆောင်ရွက်ပေးရန်လိုသဖြင့် လုပ်သင့်သည့် အရာအားလုံး လုပ်ဆောင်ရန်လို။

Add new comment