ပွင့်ဖြူမြို့နယ်ရှိ စကြာပန်းတောင်းစေတီတော်မြတ်ကြီး မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတုစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု သက်သာပန်းတောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ စကြာပန်းတောင်းစေတီတော် မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတု စိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ဖေဖော် ဝါရီလ ၁၀ ရက်တွင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ စလင်းဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မိသားစုဝင်များ၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ စေတနာရှင် အလှူရှင်များ၊ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် မိသားစုဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများအား နိုင်ငံတော်ဩဝါဒါစရိယ၊ စလင်းဆရာတော်ကြီးအမှူးပြုသည့် သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချအမျှပေးဝေခဲ့ကြပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်၍ တင်လှူပူဇော်ခဲ့ကြပြီးနောက် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြကာ စေတီတော်ပရိဝုဏ် အတွင်း၌ ပရိဘောဂစေတီတော်မြတ်ဖြစ်သည့် မဟာဗောဓိပင်ပျိုကို စိုက်ပျိုးပူဇော်ခဲ့ကြပါသည်။

စကြာပန်းတောင်းစေတီတော်မြတ်ကြီးအား ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွားအကျိုးများစေရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မိသားစုဝင်များ၊ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် မူလဉာဏ်တော် ၉ တောင်ရှိသော စေတီတော်ကို ထပ်မံ၍ ဉာဏ်တော် ၄၅ ပေ အမြင့် တိုးမြှင့်တည်ထားပူဇော်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတု စိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

  • မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ သက်သာပန်းတောင်းကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ စကြာပန်းတောင်းစေတီတော် မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတု စိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီလ ၁၀ ရက်တွင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ စလင်းဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ပင့်ဆောင်၍ တင်လှူပူဇော်ခဲ့ကြပြီးနောက် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ခဲ့ကြကာ စေတီတော်ပရိဝုဏ်အတွင်း၌ ပရိဘောဂစေတီတော်မြတ်ဖြစ်သည့် မဟာဗောဓိပင်ပျိုကို စိုက်ပျိုးပူဇော်ခဲ့။
  • စကြာပန်းတောင်းစေတီတော်မြတ်ကြီးအား ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွား အကျိုးများစေရန်ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ မိသားစုဝင်များ၊ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် မူလဉာဏ်တော် ၉ တောင်ရှိသော စေတီတော်ကို ထပ်မံ၍ ဉာဏ်တော် ၄၅ ပေအမြင့် တိုးမြှင့်တည်ထားပူဇော်ခဲ့ခြင်းဖြစ်။

Add new comment