နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် နေပြည်တော်လေဟာပြင်ကဇာတ်ရုံ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားတွင် သီဆိုကပြဖျော်ဖြေကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်၊၊

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် တိုင်းရင်းသားများ၏ သွေးစည်းချစ်ကြည်မှုသမိုင်းကို မော်ကွန်းအဖြစ်ဖော်ညွှန်ထားသည့် တေးသရုပ်ဖော်ပြဇတ် အပါအဝင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အလိုက် ဝတ်စုံ ပြည့်အစမ်းလေ့ကျင့်နေမှုများကို အစီအစဉ် အလိုက်ကြည့်ရှု၍ လိုအပ်သည်များကိုမှာကြားခဲ့ပါသည်၊၊

အဆိုပါ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် သွေးစည်းချစ်ကြည် မြန်မာပြည် တေးသရုပ်ဖော်ပြဇာတ်၊ ပြည်ထောင်စုရဲ့မြောက်ဘက်ဆီသို့ အလည်လာပါ၊ ကယား ၉ မျိုးစုပေါင်း၊ ဖွံ့ဖြိုးဝေစည်တို့ဌာနီ၊ ပြည်ထောင်စုကြီး ထာဝရငြိမ်းချမ်းပါစေ၊ ပြည်ထောင်စုသွေးသား ဗမာဟေ့ ဗမာ၊ ဟင်္သာတို့ပျော်စံရာမြေ၊ ဆီမီးတစ်ထောင် ကြာသွပ်ပွဲ၊ ချယ်ရီမြေရဲ့ သဘာဝအလှ၊ ပြည်ထောင်စုသွေးစသည့် တေးသီချင်း များဖြင့် တိုင်းရင်းသား၊ တိုင်းရင်းသူများက သီဆိုကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်၊၊

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၀ ရက်တွင် နေပြည်တော်လေဟာပြင်ကဇာတ်ရုံ၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုညစာစားပွဲ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြု အခမ်းအနားတွင် သီဆိုကပြဖျော်ဖြေကြမည့် တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများကို သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့၊၊

Add new comment