နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြို့မိမြို့ဖနှင့် စိုက်ပျိုးရေးတောင်သူများအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအားဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် စိုက်ပျိုးရေးတောင်သူများအား ဖေဖေါ်ဝါရီလ ၉ ရက်တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေး ဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့ရာတွင်-

  • မကွေးတိုင်းဒေသကြီးအတွင်းရှိ လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ ကျေးလက်တွင် နေထိုင်ကြခြင်းဖြစ်ရာ စိုက်ပျိုးရေးအား အလေးထားလုပ်ဆောင်ပါက အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။  
  • အခြေခံအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် မျိုးကောင်းမျိုးသန့်ဖြစ်ရန်၊ မြေကောင်းမွန်ရန်နှင့် ဓာတ်မြေဩဇာများထည့်သွင်းရန်၊ ရေကောင်းစွာရရှိရန်နှင့် စိုက်နည်းစနစ်များ မှန်ကန်ရန်လိုကြောင်း။
  • ရေကိုအကျိုးရှိစွာအသုံးချရန်လိုသကဲ့သို့ နေရောင်ခြည်စွမ်းအင်ကိုလည်းအကျိုးရှိရှိ အသုံးချရန်လိုအပ်ရာ မကွေးတိုင်းဒေသကြီးအတွင်း မိုးရွာရက်မှာ ပျမ်းမျှ ရက် ၇၀ သာရှိသဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း။
  • မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေအားထိန်း၍ရသည့် နေရာများ ရှိပြီး အဆိုပါနေရာများ၌ တမံနိမ့် (Low head Dam) များဆောက်လုပ်၍ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ သွားလာမှုမပြတ်စေဘဲ တစ်နှစ်ပတ်လုံးစိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်၍ရနိုင်ကြောင်း။
  • မကွေးတိုင်းဒေသကြီးအတွင်းရှိ နွားချေး၊ ကျွဲချေး၊ ကြက်ချေးများအား စိုက်ပျိုးရေး လုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးချနိုင်သည်ဖြစ်ရာ မြေဩဇာရရှိရေးနှင့် ပတ်သက်၍လည်း သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများရှိနေကြောင်း။
  • မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ်များလိုအပ်ရာ မကွေးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးသိပ္ပံကျောင်းများကိုလည်း ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
  • အတန်းပညာရှိမှသာ အတတ်ပညာရှိမည်ရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်လည်း အနည်းဆုံး ၉ တန်းအောင်ချိန်တွင် စိုက်ပျိုးမွေးမြူရေးကျောင်းများကို တက်ရောက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးပညာရပ်များကို ပိုမိုတတ်ကျွမ်းမည်ဖြစ်ကြောင်း။
  • စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဝမ်းစာဖူလုံရေး တိုးတက်အောင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသားမြေပေါ်တွင် စနစ်တကျဖြင့် စိုက်ပျိုးပြီး အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန်လိုကြောင်း။
  • ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍လည်း ဝါမျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ် မှန်ကန်စေရေးနှင့် ရေလုံလောက်စွာရရှိရေးအတွက် အရေကြီးကြောင်း။
  • မြန်မာနိုင်ငံမှထွက်ရှိသည့် ဝါများသည် မိမိတို့နိုင်ငံတွင်သုံးစွဲရန်အတွက် လုံလောက်မှုရှိသော်လည်း အဆင့်မီသည့်ချည်မျှင်များ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်ချက်များရှိနေသေးကြောင်း။
  • မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပမှ ချည်မျှင်များ တင်သွင်းနေရခြင်းကြောင့် အဆင့်မီသည့်ဝါဂွမ်းများကို စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကုန်သွယ်မှုလိုငွေများ များစွာရှိခဲ့ကြောင်း၊ ရှိပြီးသားစက်ရုံများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိဘဲ သွင်းကုန်ဦးစားပေးမှုကြောင့် ထိုသို့ကုန်သွယ်မှုလိုငွေများ များပြားနေရခြင်းဖြစ်ရာ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးရန်လိုကြောင်း။
  • မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးအတွက် မူဝါဒချမှတ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာန ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မိမိတို့ဒေသတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ တာဝန်ရှိသူများနှင့် မြို့မိ၊ မြို့ဖများ တက်ရောက်ခဲ့ကြပါသည်။

  • မကွေးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ရေအားထိန်း၍ရသည့် နေရာများရှိပြီး အဆိုပါနေရာများ၌ တမံနိမ့် (Low head Dam) များဆောက်လုပ်၍ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ သွားလာမှုမပြတ်စေဘဲ တစ်နှစ်ပတ်လုံးစိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်၍ရနိုင်ကြောင်း။
  • အတန်းပညာရှိမှသာ အတတ်ပညာရှိမည်ရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်လည်း အနည်းဆုံး ၉ တန်းအောင်ချိန်တွင် စိုက်ပျိုးမွေးမြူရေးကျောင်းများကို တက်ရောက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးပညာရပ်များကို ပိုမိုတတ်ကျွမ်းမည်ဖြစ်ကြောင်း။
  • စိုက်ပျိုးရေးနှင့်ပတ်သက်၍ ဝမ်းစာဖူလုံရေး တိုးတက်အောင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများတိုးချဲ့ခြင်းထက် ရှိပြီးသားမြေပေါ်တွင် စနစ်တကျဖြင့် စိုက်ပျိုးပြီး အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန်လိုကြောင်း။
  • မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ်ပြည်ပမှ ချည်မျှင်များ တင်သွင်းနေရခြင်းကြောင့် အဆင့်မီသည့်ဝါဂွမ်းများကို စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကုန်သွယ်မှုလိုငွေများ များစွာရှိခဲ့ကြောင်း၊ ရှိပြီးသားစက်ရုံများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိဘဲ သွင်းကုန်ဦးစားပေးမှုကြောင့် ထိုသို့ကုန်သွယ်မှုလိုငွေများ များပြားနေရခြင်းဖြစ်ရာ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးရန်လိုကြောင်း။

Add new comment