(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကျင်းပမည့် နေပြည်တော်နှင့် မြန်မာနိုင်ငံအဝန်း၌ ကြိုတင်ပြင်ဆင်မှုများပြုလုပ်

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် မြန်မာနိုင်ငံအဝန်း၌ ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ်-

  • နေပြည်တော်ရှိ လူစည်ကားရာလမ်းဆုံများတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုဆိုင်းဘုတ်များစိုက်ထူခြင်း၊ ပြည်ထောင်စုအလံတော် သယ်ဆောင်လာမည့် ရာဇသင်္ဂဟလမ်းတစ်လျှောက်တွင် မြန်မာနိုင်ငံတော်အလံနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ အထိမ်းအမှတ်ပါအလံများစိုက်ထူ ထားခြင်း နှင့် ယင်းလမ်းတစ်လျှောက်ရှိ အဝိုင်းများတွင် လျှပ်စစ်မီးရောင်များ ထွန်းညှိထားပြီး တိုင်းရင်းသားရုပ်ပုံကားချပ်များဖြင့် အလှဆင်ထားရှိ။
  • ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ ရန်ကုန်မြို့တော်ခန်းမ၌ ဆိုင်းဘုတ်များ ဂုဏ်ပြုစိုက်ထူထားခြင်း၊ မဟာဗန္ဓုလပန်းခြံအတွင်း ရောင်စုံအလှမီးများ ထွန်းညှိပြင်ဆင်ထားခြင်း၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ဥယျာဉ်၌ ရောင်စုံအလှမီးများပြင်ဆင်၍ ဂုဏ်ပြုဆိုင်းဘုတ်စိုက်ထူထားခြင်း၊ ဦးဝိစာရအဝိုင်း၊ ဗဟန်းမြို့နယ် ဦးထောင်ဘိုအဝိုင်းနှင့် စမ်းချောင်းမြို့နယ် ဟံသာဝတီအဝိုင်းတို့၌ ရောင်စုံမီးအလှများ ဆင်ယင်ထားခြင်းနှင့် ဆိုင်းဘုတ်များဂုဏ်ပြုစိုက်ထူထားခြင်းများ ဆောင်ရွက်ထားရှိ။
  • မန္တလေးမြို့ ကျုံးအတွင်း ရေပန်းများဖွင့်လှစ်ခြင်း၊ နန်းမြို့ရိုးတစ်လျှောက်ရှိ တံတိုင်းများ၊ ကျုံးပတ်လမ်းရှိ ရတနာပုံဥယျာဉ်လမ်းတစ်လျှောက်နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးရုံးတို့၌လည်း ရောင်စုံမီးများထွန်းညှိ၍ အလှဆင်ထားရှိ။ 

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင်လည်း (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုသည့်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများအဖြစ် နေပြည်တော်ရှိ လူစည်ကားရာလမ်းဆုံများတွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုဆိုင်းဘုတ်များစိုက်ထူခြင်း၊ ရာဇသင်္ဂဟလမ်းတစ်လျှောက်တွင်လည်း မြန်မာနိုင်ငံတော်အလံနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏အထိမ်းအမှတ်ပါ အလံများစိုက်ထူထားခြင်းနှင့် ယင်းလမ်းတစ်လျှောက်ရှိ အဝိုင်းများတွင် လျှပ်စစ်မီးရောင်စုံများ ထွန်းညှိအလှဆင်ခြင်းနှင့် တိုင်းရင်းသားရုပ်ပုံကားချပ်များဖြင့် အလှဆင်ထားရှိ။
  • ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်မြို့တော်ခန်းမ၊ မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ ဥယျာဉ်၊ ဦးဝိစာရအဝိုင်း၊ ဗဟန်းမြို့နယ် ဦးထောင်ဘိုအဝိုင်းနှင့် စမ်းချောင်းမြို့နယ် ဟံသာဝတီအဝိုင်းတို့တွင် ရောင်စုံမီးများ ထွန်းညှိခြင်းနှင့် ဂုဏ်ပြုဆိုင်းဘုတ်များ စိုက်ထူထားခြင်းများ ဆောင်ရွက်ထားရှိ။
  •  အခြားပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင်လည်း (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသည့်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိ။

Add new comment