အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်သွယ်ဆောင်ရွက်ထောက်ပံ့ခြင်းနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့နယ်မြေများအတွင်း၌ စစ်သင်တန်းတက်ရောက်ခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ သန်းဦးနှင့် မြောက်ဥက္ကလာပမြို့နယ်နေ ဆုရည်ပိုင်တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများဖြင့် ဆက်သွယ်ခြင်း/ ငွေကြေးထောက်ပံ့ခြင်းနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) အရ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်လိုက်ကြောင်း သိရှိရပါသည်။

စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ကာ ထိထိရောက်ရောက်မြန်မြန်ဆန်ဆန်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်သွယ်ခြင်း/ငွေကြေးထောက်ပံ့ခြင်းနှင့် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့သည့် သန်းဦးနှင့် ဆုရည်ပိုင်တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအရ “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်ခဲ့။

Add new comment