ရေးမြို့နယ်ရှိ ရထားလမ်းသွား သံဘောင်ဘေလီတံတားအား အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

ဖေဖော်ဝါရီလ ၈ ရက်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ တော်ကမာကျေးရွာအနီးရှိ သင်္ဃန်းကျွန်းချောင်းအား ဖြတ်သန်းဆောက်လုပ်ထားသည့် ရေး-မော်လမြိုင်သွား ရထားလမ်း၊ တံတားအမှတ် (၁၇၃) ရထားလမ်းသွား သံဘောင်ဘေလီတံတားအား အကြမ်းဖက်သမားအမျိုးသား ၄ ဦးက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား အောက်ခံ ဘေလီဘောင် ၂ ချောင်းကွေး၍ တံတားဘေးကာ သံတိုင် ၂ ချောင်းပြတ်ထွက် ပျက်စီးခဲ့ကြောင်းနှင့် မိုင်းပေါက်ကွဲ၍ တံတားထိခိုက်ပျက်စီးမှုကြောင့် ရေး- မော်လမြိုင် ရထားခရီးစဉ်အား ရပ်နားထားရှိကြောင်း သိရှိရပါသည်။

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အဦများ၊ ပြည်သူပိုင်အိုးအိမ်များကို ဖျက်ဆီး လျက်ရှိသည့်အပြင် ယခုကဲ့သို့ လမ်းတံတားများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးမှုများကြောင့် ပြည်သူများအနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု များရှိသည့်အတွက် ပြည်သူ တစ်ရပ်လုံးက ၎င်းတို့အား ရွံရှာမုန်းတီးလျက်ရှိပါသည်။

ထိုကဲ့သို့ သံဘောင်ဘေလီတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် တံတားအား အမြန်ပြန်လည်ပြုပြင်နိုင်ရေး တာဝန်ရှိသူများက ချိတ်ဆက် ဆောင်ရွက် လျက်ရှိကြောင်းသိရှိရပါသည်။

  • ရေးမြို့နယ်၊ တော်ကမာကျေးရွာအနီးရှိ သင်္ဃန်းကျွန်းချောင်းအား ဖြတ်သန်း ဆောက်လုပ်ထားသည့် ရေး-မော်လမြိုင်သွား ရထားလမ်း၊ တံတားအမှတ် (၁၇၃) ရထားလမ်းသွား သံဘောင်ဘေလီတံတားအား အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့။

Add new comment