နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ တာဝန်ရှိသူများနှင့် ၎င်းတို့၏ ဇနီးများ လိုက်ပါ၍ ဖေဖော်ဝါရီလ ၉ ရက်တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းသို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား တာဝန်ရှိသူများက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာတို့၏ သမိုင်းအကျဉ်းနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ရှေးဟောင်းယဉ်ကျေးမှုလက်ရာများကို ထိန်း သိမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အဆိုပါ ပျူမြို့ဟောင်း ၃ ခုအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများအဖြစ် သတ်မှတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများသည် တန်ဖိုးဖြတ်၍မရသည့်အတွက် ရှေးဟောင်းအမွေအနှစ်နေရာများနှင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို စနစ်တကျထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ရှေးဟောင်းအမွေအနှစ်ဧရိယာအတွင်း ရှေးဟောင်းပစ္စည်းများ၊ လက်ရာများကို ထိခိုက်စေနိုင်သည့် လုပ်ငန်းလုပ်ဆောင်မှုများမရှိစေရေး ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပြီး တားမြစ်သင့်သည်များကို တင်းတင်းကြပ်ကြပ်တားမြစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
- ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများ ဆက်လက်တူးဖော်မှုနှင့် ထိန်းသိမ်းမှုများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုကဲ့သို့ မိမိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်းဖြင့် တိုင်းပြည်အပေါ် တန်ဖိုးထားမှုနှင့် မျိုးချစ်စိတ်ရှင်သန် ထက်မြက်မှု၊ တိုင်းပြည်၏ ရှေးဟောင်းယဉ်ကျေးမှုကို တန်ဖိုးထားဂုဏ်ယူမှုတို့ကို ဖြစ်ပေါ်လာအောင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
- အရှေ့တောင်အာရှတွင် အစောဆုံးမြို့ပြယဉ်ကျေးမှု (Civilization) သည် ပျူမြို့ များဖြစ်ပြီး ၎င်းပျူမြို့များနှင့်ပတ်သက်၍ တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများတွင်လည်း ယဉ်ကျေးမှု သမိုင်းအထောက်အထားများရှိခဲ့ကြောင်း။
- သမိုင်းကို သိမှသာလျှင် မိမိနိုင်ငံ၊ လူမျိုးတို့၏ ယဉ်ကျေးမှုကိုသိမည်၊ တိုင်းပြည်ကို ချစ်မြတ်နိုးမည်၊ တန်ဖိုးထားမည်ဖြစ်သည့်အတွက် သမိုင်းအမွေအနှစ်များကို မပျောက်ပျက်ရန်နှင့် ရေရှည်တည်မြဲမှုရှိစေရန် အစဉ်အဆက် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
- အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များတွင်လည်း ရှေးဟောင်းယဉ်ကျေးမှု သမိုင်းအမွေအနှစ်များနှင့်ပတ်သက်သည်များကို ပညာပေးထည့်သွင်းသင်ကြားရန်လိုကြောင်း။
- မိမိတို့နိုင်ငံ၌ မြို့ပြယဉ်ကျေးမှုကို ပျူခေတ်(ဘီစီ ၃ ရာစု- ၂ ရာစု)ကတည်းက စတင်ခဲ့ပြီး ၎င်းခေတ်ကတည်းက မိမိနိုင်ငံ၏ခမ်းခမ်းနားနား၊ ထည်ထည်ဝါဝါဖြစ်မှု၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုတို့ကို စောစောဖော်ထုတ်၍ စုံစုံလင်လင်ပြသနိုင်ရေး ဆက်လက်ကြိုးပမ်းသွားရန်လိုကြောင်းပြောကြားခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ပြတိုက်အတွင်းပြသထားရှိသည့် ဗိဿနိုးမြို့ဟောင်းမြေပုံ၊ မြို့ဝင်ပေါက် မြို့ရိုး၊ ရှေးခေတ်အသုံးအဆောင်ပစ္စည်းများ၊ စာပေဆိုင်ရာအထောက်အထားများ၊ ပျူခေတ်အုတ်များ၊ တော်ဝင်ဗိသုကာများ၊ ပျူခေတ်အသုံးအဆောင်ပစ္စည်းများ၊ ပြကွက် များနှင့် ဗိဿနိုးမြို့ဟောင်းအတွင်းရှိ KKG-2 ဘုန်းကြီးကျောင်းပန္နက်ပုံရှိ အဆောက်အဦ၊ KKG-3 စေတီပန္နက်ပုံရှိ အဆောက်အဦ၊ KKG-4 ဘာသာရေးဆိုင်ရာ အထိမ်းအမှတ်အဆောက်အဦ၊ BTO- 1၊ BTO- 2၊ BTO- 3၊ BTO- 4၊ BTO- 5 နန်းတော်ရာ အတွင်း၊ အပြင် အုတ်ရိုးများကို ကြည့်ရှုလေ့လာခဲ့ပါသည်။
အဆိုပါ ဗိဿနိုးမြို့ဟောင်းသည် ၁၉၀၅ ခုနှစ်တွင် မြန်မာနိုင်ငံရှေးဟောင်း သုတေသနဌာနမှ စူးစမ်းလေ့လာခဲ့ပြီး ၁၉၅၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြို့ဟောင်းအတွင်း စုစုပေါင်း (၆၆) ကုန်းကို တူးဖော်သုတေသနပြုခဲ့ပြီးဖြစ်ကြောင်း၊ ဗိဿနိုးမြို့ဟောင်းကို တူးဖော်မှုများစတင်စဉ် တူးဖော်မှုကုန်းအမှတ်များကို ကုက္ကိုခွရွာအား အစွဲပြု၍ KKG ဟုအမည်ပေးခဲ့ပြီး ၁၉၉၅ ခုနှစ်မှ စတင်၍ ဗိဿနိုး BTO ဟူသော ကုန်းအမည်အတိုအမှတ်ကို ပြောင်းလဲသုံးစွဲခဲ့ကြောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာပျူမြို့ဟောင်းများကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်တွင် ပြုလုပ်သည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံက “ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသများ” အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။
- ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများသည် တန်ဖိုးဖြတ်၍မရသည့်အတွက် ရှေးဟောင်းအမွေအနှစ်နေရာများနှင့် ပတ်ဝန်းကျင်တစ်ဝိုက်ကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်။
- မိမိနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ခြင်းဖြင့် တိုင်းပြည်အပေါ်တန်ဖိုးထားမှုနှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်မှု၊ တိုင်းပြည်၏ ရှေးဟောင်းယဉ်ကျေးမှုကို တန်ဖိုးထားဂုဏ်ယူမှုတို့ကို ဖြစ်ပေါ်လာအောင်လုပ်ဆောင်ရမည်ဖြစ်။
- အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များတွင်လည်း ရှေးဟောင်းယဉ်ကျေးမှုသမိုင်း အမွေအနှစ်များနှင့်ပတ်သက်သည်များကို ပညာပေးထည့်သွင်းသင်ကြားရန်လို။
- နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့်အဖွဲ့ဝင်များသည် ပြတိုက်အတွင်းပြသထားရှိသည့် ဗိဿနိုးမြို့ဟောင်းမြေပုံ၊ မြို့ဝင်ပေါက်မြို့ရိုး၊ ရှေးခေတ်အသုံးအဆောင်ပစ္စည်းများ၊ စာပေဆိုင်ရာအထောက်အထားများ၊ ပျူခေတ်အုတ်များ၊ တော်ဝင်ဗိသုကာများနှင့် ပျူခေတ်အသုံးအဆောင်ပစ္စည်းများ၊ ပြကွက်များကို ကြည့်ရှုလေ့လာခဲ့။
- ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာပျူမြို့ဟောင်းများကို ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်တွင် ပြုလုပ်သည့် (၃၈) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံက “ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသများ”အဖြစ
Add new comment