နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ကြေညာချက်အမှတ်(၁/၂၀၂၂)ဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်အပေါ် နိုင်ငံရေးပါတီ (၂၆)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ထုတ်ပြန် ခဲ့ပါသည်။
နိုင်ငံရေးပါတီ(၂၆)ပါတီ၏ ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ကောက်နုတ်ချက်မှာ-
- ဤဖိတ်ခေါ်ချက်သည် သက်ဆိုင်သူအားလုံးက နှုတ်မှပြောဆို၊ တောင်းဆိုနေကြသော ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးများကို တရားဝင်ဆွေးနွေးပြောဆိုနိုင်မည့် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ရန် အာမခံထား။
- နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ စစ်ရေးနည်းဖြင့် ဖြေရှင်းနည်းအစား စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာရေးအာမခံချက်ဖြစ်သည်ဟုလည်း ရှုမြင်။
- တိုင်းရင်းသား၊ နိုင်ငံသားအားလုံးအတွက် အလေးအမြတ်ပြု တန်ဖိုးထားရမည့် စိန်ရတုပြည်ထောင်စုနေ့ကို အကြောင်းပြု၍ ကမ်းလှမ်းဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးအတွက် ဤဖိတ်ခေါ်ချက်ကို မိမိတို့နိုင်ငံရေးပါတီများက ဂုဏ်ယူတန်ဖိုးထားစွာ ကြိုဆိုအပ်။
- ပြည်ထောင်စုနိုင်ငံတော်ကြီးနှင့် နိုင်ငံသား၊ တိုင်းရင်းသားအားလုံး၏ အကျိုးအလို့ငှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့သို့ သက်ဆိုင်သူအားလုံး တက်ရောက်ခြင်း၊ ဆွေးနွေးဖလှယ်ခြင်းဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်ပေးကြပါရန် သဘောထားထုတ်ပြန်ခဲ့။
ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီ(၂၆)ပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံရေး မဟာမိတ် များအဖွဲ့ချုပ်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ၊ ၈၈ မျိုးဆက်ဒီမိုကရေစီပါတီ၊ ပြည်ထောင်စုလယ်သမားအလုပ်သမား အင်အားစုပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့အင်အားပါတီ၊ လူထုပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားတိုးတက်မြင့်မားရေးပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားအလုပ်သမားပြည်သူ့ပါတီ၊ အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ(အန်၊ ယူ၊ ဒီ)တို့ဖြစ်ကြောင်း သိရှိရပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့။
- ဤဖိတ်ခေါ်ချက်သည် သက်ဆိုင်သူအားလုံးက နှုတ်မှပြောဆို၊ တောင်းဆိုနေကြသော ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးများကို တရားဝင်ဆွေးနွေးပြောဆိုနိုင်မည့် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးနိုင်ရန် အာမခံထား။
- နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေး၊ စစ်ရေးနည်းဖြင့် ဖြေရှင်းနည်းအစား စားပွဲဝိုင်းတွင် ဆွေးနွေးအဖြေရှာရေးအာမခံချက်ဖြစ်သည်ဟုလည်း ရှုမြင်။
- တိုင်းရင်းသား၊ နိုင်ငံသားအားလုံးအတွက် အလေးအမြတ်ပြု တန်ဖိုးထားရမည့် စိန်ရတုပြည်ထောင်စုနေ့ကို အကြောင်းပြု၍ ကမ်းလှမ်းဖိတ်ခေါ်ခဲ့သော ငြိမ်းချမ်းရေးအတွက် ဤဖိတ်ခေါ်ချက်ကို မိမိတို့နိုင်ငံရေးပါတီများက ဂုဏ်ယူတန်ဖိုးထားစွာကြိုဆို။
- ပြည်ထောင်စုနိုင်ငံတော်ကြီးနှင့် နိုင်ငံသား၊ တိုင်းရင်းသားအားလုံး၏ အကျိုးအတွက် စိန်ရတုပြည်ထောင်စုနေ့သို့ သက်ဆိုင်သူအားလုံး တက်ရောက်ခြင်း၊ ဆွေးနွေးဖလှယ်ခြင်းဖြင့် ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်ပေးကြပါရန် နိုင်ငံရေးပါတီ (၂၆)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာချက် ထုတ်ပြန်ခဲ့။
Add new comment