နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့် အစမ်းလေ့ကျင့်နေမှုများ ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၉ ရက်တွင် နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်း လေ့ကျင့်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်၊၊

စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အစမ်းလေ့ကျင့်မှုတွင် စစ်ကြောင်း၊ တပ်ခွဲများနေရာယူချိန်မှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အတွက် ဂုဏ်ပြုယာဉ်များ ချီတက်အလေးပြုခြင်းနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အလိုက် ရိုးရာတေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုတို့ကို အစီအစဉ်အလိုက် လေ့ကျင့်ဆောင်ရွက်မှုအား ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ပါသည်၊၊

 (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပနေမှုများကို ၂၀၂၂ ခုနှစ် ၊ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန်မှစ၍ MRTV-HD၊ MRTV NRC၊ MWD ၊ MWD VARIETY ၊ 5 Plus ၊ Readers Channel ၊ Skynet Up to Date နှင့် Skynet တိုင်းရင်းသား Channel ၊  မြန်မာ့အသံရေဒီယို အစီအစဉ် ၊ ပတ္တမြား FM၊ ချယ်ရီ FM၊ ပဉ္စဝတီ FM၊ မန္တလေး FM  နှင့် ရွှေFM၊ သဇင် FM တို့တွင် တိုက်ရိုက် (LIVE) ရိုက်ကူးထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အစမ်းလေ့ကျင့်မှုတွင် စစ်ကြောင်း၊ တပ်ခွဲများနေရာယူချိန်မှစ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အတွက် ဂုဏ်ပြုယာဉ်များ ချီတက်အလေးပြုခြင်းနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အလိုက် ရိုးရာတေး သီချင်းများဖြင့် ကပြဖျော်ဖြေမှုတို့ကို ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့၊၊

Add new comment