Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြန်မာ နိုင်ငံတွင် ဝယ်ယူထုတ်လုပ်ရန် သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ Lotte Hotel ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်ရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက-
· မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း Sinopharm ကိုဗစ်ကာကွယ်ဆေး Doses ၂၆ သန်းဝယ်ယူခဲ့ပြီး ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း။
· Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အကျိုးအာနိသင်ကောင်းများရှိသောကြောင့် Sinopharm CNBG မှ ရောဂါ ကာကွယ်ဆေးများကို Ready to Fill Bulk အနေဖြင့် ဝယ်ယူထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
· Sinopharm CNBG နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ၏ကျန်းမာ ရေးစောင့်ရှောက်မှုကဏ္ဍအတွက် အရေးကြီးသောကာကွယ် ဆေးများသာမက အခြားဆေးဝါးများကိုလည်း ပူးတွဲထုတ် လုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း။
· ကိုဗစ်-၁၉ ကာကွယ်ဆေး Doses ၁၀ သန်းထုတ်လုပ်နိုင်ရေးအတွက် RTF Bulk ဝယ်ယူခြင်းဖြစ်ရာ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက် ခြင်း၏ ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ချန်းဟိုင်က-
· Sinopharm CNBG က ထုတ်လုပ်သည့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ရေးဆောင် ရွက်ခြင်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ပထမအဆင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း။
· တရုတ်နိုင်ငံအနေဖြင့် ကိုဗစ်ရောဂါကာကွယ်ဆေးများကို နိုင်ငံပေါင်း ၁၂၀ သို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ကိုဗစ်ရောဂါကုသဆေးကိုလည်း ထုတ်လုပ်နိုင်ရန် အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိကြောင်း။
· မြန်မာနိုင်ငံတွင် ထိုးနှံခဲ့သည့် ကိုဗစ်ရောဂါကာကွယ်ဆေး အများစုသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သောဆေးများဖြစ် ပြီး ယခု RTF Bulk များဝယ်ယူရေး သဘောတူစာချုပ်ချုပ် ဆိုခြင်းသည် မြန်မာနိုင်ငံ၏ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများကို များစွာအထောက်အကူဖြစ်ကြောင်း ပြောကြားခဲ့။
ထို့နောက် Chairman of Sinopharm Group, Mr.Ji- ngzhen Liu က-
· Sinopharm CNBG ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ဆေးနှင့်ဆေးပစ္စည်းထုတ်လုပ် သည့်လုပ်ငန်း၊ ကုသရေးလုပ်ငန်း များနှင့် စက်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဆေး ဝါးထုတ်လုပ်သည့်လုပ်ငန်းတို့တွင် အာရှ၌ ဒုတိယအဆင့်တွင်ရှိကြောင်း။
· Sinopharm ကိုဗစ်ကာကွယ်ဆေးများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း။
· မြန်မာနိုင်ငံ၏ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များတွင် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Virtual စနစ်ဖြင့် တက်ရောက်ပြောကြားခဲ့။
အခမ်းအနားသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ် လုပ်ရေးကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသ ကြီး သယံဇာတရေးရာဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေး ဝန်ထမ်းတပ်ဖွဲ့ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် Sinopharm ကိုဗစ်ကာကွယ်ဆေး RTF Bulk Doses ၁၀ သန်း ဝယ်ယူရေးသဘောတူစာချုပ်အား မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဝင်းနှင့် Sinopharm China Biotech Group ကိုယ် စား မစ္စတာရန်ရှောင်မင်းတို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိ ရပါသည်။
- မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း Sinopharm ကိုဗစ်ကာကွယ်ဆေး Doses ၂၆ သန်းဝယ်ယူခဲ့ပြီး ပြည်သူ များအား ထိုးနှံပေးလျက်ရှိ။
- Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုးနည်းပါးပြီး အကျိုးအာနိသင်ကောင်းများ ရှိသောကြောင့် Sinopharm CNBG မှ ရောဂါကာကွယ်ဆေးများကို Ready to Fill Bulk အနေဖြင့် ဝယ်ယူထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်။