ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖေဖော်ဝါရီ လ ၈ ရက်အထိ လူဦးရေစုစုပေါင်း ၂၂ ဒသမ ၅ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၉ ဒသမ ၃၆ သန်းနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၃ ဒသမ ၁၄ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၂ ဒသမ ၁၂ သန်းထိုးနှံပြီးဖြစ်။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၈ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်း ထိုးနှံပြီးစီးသူ ၂၄၄,၄၈၆ ဦးရှိ။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်း သား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဖေဖော်ဝါရီလ ၈ ရက်အထိ ဒုတိယအကြိမ်အဖြစ် ၁,၄၅၂,၃၈၆ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁၀၉,၁၈၅ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပြီးစီး ခဲ့ပြီးဖြစ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ်အသီးသီးတွင် လက်ခံဆောင် ရွက်ပေးလျက်ရှိရာ-

  • ကချင်ပြည်နယ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်၊ ကန်ပိုက်တီနယ်စပ်ဂိတ်၊ ကရင်ပြည်နယ်၊ မြဝတီနယ်စပ်ဂိတ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းနယ်စပ်ဂိတ်နှင့် ထီးခီး နယ်စပ်ဂိတ်၊ ရှမ်းပြည်နယ်၊ မူဆယ်နယ်စပ်ဂိတ်၊ တာချီလိတ်နယ်စပ်ဂိတ်၊ ဝမ်ပုံ ဆိပ်ကမ်း (လာအို) နယ်စပ်ဂိတ်နှင့် လောက်ကိုင် နယ်စပ်ဂိတ်တို့မှတစ်ဆင့် ပြန်လည် လက်ခံခဲ့ရာ ၂၅-၇-၂၀၂၁ ရက်မှ ၈-၂-၂၀၂၂ ရက်အထိ ၆၅,၃၈၇ ဦး ပြန်လည်ဝင်ရောက်လာခဲ့။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၈ ရက်တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၅,၁၅၆ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၁၄၅ ဦးဖြင့် ရောဂါ ပိုးတွေ့ရှိမှု ၄.၅၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၈-၂-၂၀၂၂ ရက်အထိ ဓာတ်ခွဲ နမူနာစုစုပေါင်း ၆,၅၇၁,၄၉၃ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၉,၅၅၄ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၃၁၀ ဦးရှိကြောင်း သိရှိရပါသည်။

  • ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်အထိ လူဦးရေစုစုပေါင်း ၂၂ ဒသမ ၅ သန်းအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ ၁၉ ဒသမ ၃၆ သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ ၃ ဒသမ ၁၄ သန်းရှိကာ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ရေစုစုပေါင်း ၄၂ ဒသမ ၁၂ သန်းထိုးနှံပြီးဖြစ်။
  • ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၈ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster စုစုပေါင်း ထိုးနှံပြီးစီးသူ ၂၄၄,၄၈၆ ဦးရှိ။
  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဖေဖော်ဝါရီလ ၈ ရက်အထိ ဒုတိယအကြိမ်အဖြစ် ၁,၄၅၂,၃၈၆ ဦးအားလည်းကောင်း၊ ပထမအကြိမ်အဖြစ် ၁၀၉,၁၈၅ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံ ပြီးစီးခဲ့ပြီး ဖြစ်။
  • ၈-၂-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၅၇၁,၄၉၃ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၉,၅၅၄ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၃၁၀ ဦး ဖြစ်ပြီး ၈-၂-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၄.၅၅ ရာခိုင်နှုန်းရှိ။

Add new comment