မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်တို့အား ရှင်းလင်းပြောကြား

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ သံတမန်များနှင့် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်တို့အား ရှင်းလင်းပြောကြားမှုအစီအစဉ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)၊ ဝန်ဇင်းမင်းရာဇာ ခန်းမ၌ ဖေဖော်ဝါရီလ ၈ ရက်တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ ရှင်းလင်းပြောကြားမှုအစီအစဉ်၌ ပြည်ထောင်စုဝန်ကြီးက-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပေါ်ပေါက်လာပုံ၊ နိုင်ငံတော်တစ်ဝန်း အရေးပေါ်အခြေအနေကြေညာခဲ့ခြင်းနှင့်အတူ ယာယီသမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အာဏာ (၃)ရပ်ကို လွဲပြောင်းပေးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုများအား စိစစ်ခဲ့ရသည့် အခြေ အနေများ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ပြန်လည်ကျင်းပသွားမည့် အခြေအနေများ။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်မှုအဆင့်ဆင့်တွင် တိုင်းရင်းသားကိုယ်စားပြုသူများ၊ နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များနှင့် တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် စစ်ဘက်အုပ်ချုပ်ရေး မဟုတ်သည်ကို ထင်ရှားစေသည့်အခြေအနေများ။
  • ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်ပခရီးစဉ်များ သွားရောက်ခဲ့မှုနှင့် ပြည်ပနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ လာရောက်ခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ အာဆီယံမူဘောင်အောက်တွင် ပူးပေါင်းဆောင်ရွက်မှု၊ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်နေမှု များနှင့် ကုလသမဂ္ဂတွင် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ။
  • မြန်မာအစိုးရသည် ပြည်သူများ၏ အသက်ထက် မည်သည့်အရာကမျှ အရေးမကြီး၊ တန်ဖိုးမရှိဟူသောခံယူချက်ဖြင့် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့အပါအဝင် ချစ်ကြည်ရင်းနှီးသောနိုင်ငံများမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိရေးဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား (၉၇,၀၀၀)ဦးကို နေရပ်သို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့မှု အခြေအနေများ။
  • အကြမ်းဖက်အဖွဲ့များဖြစ်သည့် PDF၊ NUG နှင့် CRPH တို့၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ၊ အစိုးရဝန်ထမ်းများ၊ ရဟန်းသံဃာတော်များ ထိခိုက်သေဆုံးခဲ့ရမှုများ၊ စာသင်ကျောင်း၊ ဆေးရုံ၊ လမ်းနှင့် တံတားများ ကဲ့သို့သော အများပြည်သူဆိုင်ရာ အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများ။
  • အကြမ်းဖက်အဖွဲ့များ၊ ၎င်းတို့နှင့် ဆက်နွယ်မှုရှိသူများကို စုံစမ်းစစ်ဆေးမှုနှင့် ဥပဒေအရ အရေးယူဆောင်ရွက်မှုများ၊ လက်နက်ခဲယမ်းများ ဖမ်းဆီးရရှိခဲ့မှုများနှင့် အဆိုပါ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို UNCTED ၊ ACCT ၊ ASEANAPOL နှင့် INTERPOL တို့က ရှုတ်ချရန်နှင့် အကြမ်းဖက် မှုတိုက်ဖျက်ရေးတွင် ၎င်းတို့၏ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် တိုက်တွန်း ည့်အခြေအနေများ။
  • နိုင်ငံတော် သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် သဘာဝသယံဇာတနှင့် လူသားအရင်းအမြစ်တို့ကို ထိရောက်စွာ အသုံးချရေး၊ ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာစေရေး၊ ကိုဗစ်-၁၉ ကပ် ရောဂါကို ထိရောက်စွာကာကွယ်ထိန်းချုပ်တိုက်ဖျက်သွားရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပါတီစုံဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်သွားရန်၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်း၍ နှစ်ဘက်အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအပေါ် စုံစမ်းစစ်ဆေးခဲ့ရမှုများမှ တွေ့ရှိခဲ့ရမှုများနှင့် လာမည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာဒေါ်ရင်ရင်နွယ်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုကိစ္စရပ်များ၊ အကြမ်းဖက်ဖြစ်စဉ်များနှင့်ပတ်သက်၍ အရင်းခံအကြောင်းရင်းများနှင့် အခြေအနေမှန်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပ(၂၀၀၈)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်တာဝန်များကို ရယူခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ်အောင်ဌေးမြင့်က နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် အကြမ်းဖက်အဖွဲ့များဖြစ်သည့် CRPH ၊ NUG နှင့် PDF တို့မှ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေမှုများ၊  နိုင်ငံတစ်နိုင်ငံ၏ အကြမ်းဖက်အဖွဲ့ သို့မဟုတ် အကြမ်းဖက်သမားတို့အား နိုင်ငံတစ်နိုင်ငံက လက်ခံခြင်း၊ ထောက်ပံ့ကူညီခြင်းစသည့် လုပ်ရပ်များသည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၂၁၇၆၊ ၂၃၆၈ နှင့် ၂၀၅၀ တို့အရ ပြစ်မှုမြောက်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က အိုမီခရွန်မျိုးကွဲအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံသစ်များနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားခဲ့ပါသည်။

ရှင်းလင်းပြောကြားမှုအစီအစဉ်ပြီးဆုံးသည့်နောက် တက်ရောက်လာသူများမှ ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများ၊ အချက်အလက်များကို ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ် ချမှတ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အရေးပေါ်ကာလပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးစီးပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ပြန်လည်ကျင်းပသွားမည့် အခြေအနေများ။
  • မြန်မာအစိုးရသည် တရုတ်၊ အိန္ဒိယနှင့် ရုရှားနိုင်ငံတို့အပါအဝင် ချစ်ကြည်ရင်းနှီးသောနိုင်ငံများမှ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရရှိရေးဆောင်ရွက်နေမှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား (၉၇,၀၀၀)ဦးကို နေရပ်သို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့မှု အခြေ အနေများ
  • အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို UNCTEDACCTASEANAPOL နှင့် INTERPOL တို့က ရှုတ်ချရန်နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် ၎င်းတို့၏ အပြုသဘော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန် တိုက်တွန်းသည့်အခြေအနေများ။
  • နိုင်ငံတစ်နိုင်ငံ၏ အကြမ်းဖက်အဖွဲ့ သို့မဟုတ် အကြမ်းဖက်သမားတို့အား နိုင်ငံတစ်နိုင်ငံက လက်ခံခြင်း၊ ထောက်ပံ့ကူညီခြင်းစသည့် လုပ်ရပ်များသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၁၇၆၊ ၂၃၆၈ နှင့် ၂၀၅၀ တို့အရ ပြစ်မှုမြောက်သည့် အခြေအနေများ။
  • အိုမီခရွန်မျိုးကွဲ အန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံသစ်များနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပြောကြားခဲ့။

 

Add new comment