ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နိုင်ငံရေးပါတီများအား စစ်ဆေးရန် အကြောင်းကြား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဌ) နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစစ်ဆေးရေးဦးစီးဌာနမှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရန်ကုန်မြို့အခြေစိုက် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ လူထုပါတီ (The Party for People)နှင့် ပြည်သူ့အင်အားပါတီတို့ကို ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အထိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ခေတ်သစ်ပြည်သူ့ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီတို့ကိုလည်းကောင်း စစ်ဆေးခံနိုင်ရန် အကြောင်းကြားထားပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကချင်ပြည်နယ်အခြေစိုက်ပါတီ ၅ ပါတီ၊ ကရင်ပြည်နယ်အခြေစိုက်ပါတီ ၂ ပါတီ၊ စစ်ကိုင်းတိုင်းဒေသကြီးအခြေစိုက်ပါတီ ၂ ပါတီ၊ တနင်္သာရီတိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီ၊ ပဲခူးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၃ ပါတီ၊ မန္တလေးတိုင်းဒေသကြီးအခြေစိုက်ပါတီ ၂ ပါတီ၊ မွန်ပြည်နယ်အခြေစိုက်ပါတီ ၃ ပါတီ၊ ရခိုင်ပြည်နယ်အခြေစိုက်ပါတီ ၇ ပါတီ၊ ရန်ကုန်တိုင်းဒေသကြီးအခြေစိုက်ပါတီ ၂၄ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက်ပါတီ ၁၃ ပါတီ၊ ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်ပါတီ ၁ ပါတီ နှင့် ပြည်ထောင်စုနယ်မြေအခြေစိုက်ပါတီ ၄ ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဦးဆောင်သောအဖွဲ့သည် ရန်ကုန်မြို့အခြေစိုက် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ လူထုပါတီ (The Party for People)နှင့် ပြည်သူ့အင်အားပါတီတို့ကို ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၄ ရက် အထိ စစ်ဆေးခြင်း များဆောင်ရွက်ခဲ့။
  • ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ကို စစ်ဆေးခံနိုင်ရန် အကြောင်းကြားထား။
  • ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ခေတ်သစ်ပြည်သူ့ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ကမန်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီတို့ကို စစ်ဆေးခံနိုင်ရန် အကြောင်းကြားထား။
  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယနေ့ထိ နိုင်ငံရေးပါတီ ၆၇ ပါတီ ကို စစ်ဆေးခဲ့ပြီးဖြစ်။

Add new comment