ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့ သည် ဒီဇင်ဘာလ ၂၂ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သတင်းမီဒီယာများဖြစ်သည့် CCTV ၊ People's Daily ၊ Guan- ming Daily နှင့် Xinhua News Agency သတင်းဌာနတို့မှ သတင်း ထောက်များအား Online မှတစ်ဆင့် လက်ခံတွေ့ဆုံခဲ့ပါသည်။
သတင်းထောက်များနှင့် တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အခြေအနေ၊ နိုင်ငံ စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် ဆောင်ရွက်လျက် ရှိသည့်အခြေအနေ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် စီမံကိန်းများအကောင်အထည်ဖော်ရေးဆိုင်ရာကိစ္စရပ်များ၊ တည် ငြိမ်ရေးနှင့် လုံခြုံအေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်းသည့် မေးမြန်းချက်များကို ဖြေကြားခဲ့ကြပါသည်။
တွေ့ဆုံမှုတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက -
· ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိရာ နိုင်ငံတော်အစိုးရနှင့် ပြည်သူများ၏ ပူးပေါင်းဆောင် ရွက်မှုကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ကြောင်း။
· လက်ရှိကာလတွင် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ် ခဲ့ပြီး တက္ကသိုလ်များကိုလည်း မကြာမီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။
· နိုင်ငံတော်တည်ငြိမ်ရေးနှင့် အေးချမ်းလုံခြုံရေးအတွက်လည်း အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ရာ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် တည်ငြိမ်မှုအဆင့်တစ်ခုကို ရရှိလာပြီဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုမှာလည်း အရေးကြီး ကြောင်း။
· မြန်မာနိုင်ငံအစိုးရအနေဖြင့် အိမ်နီးချင်းအဓိကကုန်သွယ် မှုမိတ်ဖက် တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အဦစီမံကိန်းများကို စောစီးစွာ ပြန်လည်စတင် နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက-
· တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း။
· ကိုဗစ်-၁၉ အခြေအနေကြောင့် နိုင်ငံတကာတွင် စီးပွားရေးဆိုင်ရာလုပ်ငန်းများ နှောင့်နှေးလျက်ရှိရာ နှစ်နိုင်ငံနယ် စပ်ကုန်သွယ်ရေးအပါအဝင် စီးပွားရေးလုပ်ငန်းများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းပြောကြားခဲ့။
ထို့နောက် သတင်းဌာနများမှ သတင်းထောက်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးများ က ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
- နိုင်ငံတော်တည်ငြိမ်ရေးနှင့် အေးချမ်းလုံခြုံရေးအတွက်လည်း အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် တည်ငြိမ်မှုအဆင့်တစ်ခုကို ရရှိလာပြီဖြစ်။
- မြန်မာနိုင်ငံအစိုးရအနေဖြင့် အိမ်နီးချင်းအဓိကကုန်သွယ်မှုမိတ်ဖက် တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံ အဆောက်အဦစီမံကိန်းများကို စောစီးစွာ ပြန်လည်စတင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
- တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တွင် အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်။