မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၁ ခုနှစ်အတွင်း ကော်မရှင်သို့ ပေးပို့လာသော တိုင်တန်းချက်များနှင့် အကျဉ်းထောင်၊ အကျဉ်းစခန်းများ၊ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများအား ကြည့်ရှုစစ်ဆေးခဲ့မှုတို့နှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်အား ဖေဖော်ဝါရီလ ၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပါ သည်။ သတင်းထုတ်ပြန်ချက် ကောက်နုတ်ချက်မှာ-
- ၂၀၂၁ ခုနှစ်အတွင်း လူ့အခွင့်အရေးဖောက်ဖျက်ခံရသည်ဟုဆိုကာ ကော်မရှင်သို့ ပေးပို့လာသော တိုင်တန်းချက်စောင်ရေ (၂၇၇) စောင်ကို လက်ခံရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ တိုင်တန်းချက်လက်ကျန် (၃၁) စောင်ရှိသဖြင့် စုစုပေါင်းတိုင်တန်းချက် (၃၀၈) စောင်ကို ကော်မရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေးက စိစစ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့။
- ကော်မရှင်မှလက်ခံရရှိသော တိုင်တန်းချက်များတွင် အများဆုံးရရှိသော အမှုအမျိုးအစားများမှာ မြေအငြင်းပွားမှု ၂၄.၁၈ ရာခိုင်နှုန်း၊ ရဲနှင့်သက်ဆိုင်သောအမှု ၅.၄၁ ရာခိုင်နှုန်း၊ တရားရေးနှင့်သက်ဆိုင်သောအမှု ၄.၆၉ ရာခိုင်နှုန်းနှင့် အကျဉ်းထောင်နှင့် သက်ဆိုင်သောအမှု ၄.၃၃ ရာခိုင်နှုန်းတို့ဖြစ်။
- တိုင်တန်းချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များသို့ စိစစ်ပေးနိုင်ရန် ညှိနှိုင်းအကြောင်းကြားပေးပို့ခဲ့ရာ ၂၀၂၁ ခုနှစ်အတွင်း စိစစ်ပြန်ကြားစာ (၂၂၇) စောင် လက်ခံရရှိခဲ့ပြီး ယင်းပြန် ကြားချက်များကို သက်ဆိုင်ရာတိုင်ကြားသူများထံ အသိပေးပြန်ကြားပေးခဲ့။
- မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၁ ခုနှစ်အတွင်း အကျဉ်းထောင် (၁၀) ခု၊ အချုပ်ထောင် (၁) ခု၊ အလုပ်စခန်း (၉) ခု၊ ရဲစခန်းအချုပ်ခန်း (၁၂) ခုနှင့် တရားရုံးအချုပ်ခန်း (၃) ခုတို့ကို ကုလသမဂ္ဂက ပြဋ္ဌာန်းထားသည့် အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုနှင့် စပ်လျဉ်းသော အနိမ့်ဆုံး စံနှုန်းများနှင့်ညီမညီ၊ လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့။
- ကြည့်ရှုစစ်ဆေးမှုနှင့်စပ်လျဉ်း၍ အကျဉ်းသားအိပ်ဆောင်၊ သန့်ရှင်းသောသောက်သုံးရေရရှိစေရေး၊ အကျဉ်းထောင်ဆေးခန်းနှင့် သန့်ရှင်းရေးဆိုင်ရာများ၊ မိလ္လာစနစ်ကောင်းမွန်ရေး၊ မိသားစုနှင့် ဆက်သွယ်ခွင့်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိရေး၊ အကျဉ်းထောင်စာကြည့်တိုက်နှင့် အစားအသောက်၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားခွင့်ဆိုင်ရာများပါဝင်သော အကြံပြုချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့။
- ကြည့်ရှုစစ်ဆေးရေးအဖွဲ့နှင့် သီးခြားတွေ့ဆုံလိုသည့် အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ (၉၀) ဦးတို့ကို လက်ခံတွေ့ဆုံခဲ့ပြီး ယင်းတို့၏တင်ပြချက်များအပေါ် မှတ်တမ်းတင်စိစစ်ကာ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းအကြောင်းကြားခြင်းများ ပြုလုပ်ခဲ့။
- ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကော်မရှင်ဥပဒေ၊ ပြဌာန်းချက်များနှင့်အညီ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးကလေးများသင်တန်းကျောင်း (မလိခ) ကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှိ အမျိုးသမီး ကလေးများ သင်တန်းကျောင်းသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ကြည့်ရှုစစ်ဆေးတွေ့ရှိချက်များအပေါ် အကြံပြုချက်များ ပေးပို့ခဲ့။
- မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၁ ခုနှစ်အတွင်း အကျဉ်းထောင်များ၊ အလုပ်စခန်းများနှင့် လူငယ်သင်တန်းကျောင်းများ၊ မသန်စွမ်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် သုတ၊ ရသ စာအုပ်စာပေ (၃,၅၆၀) အုပ်နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများ ပါရှိသော မှတ်စုစာအုပ်များကို လှူဒါန်းပေးခဲ့။
လူ့အခွင့်အရေးဖောက်ဖျက်ခံရခြင်းများတွင် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် မသန်စွမ်းသူ၏ အခွင့်အရေးဖောက်ဖျက်ခံရခြင်းများလည်း အကျုံးဝင်သဖြင့် နိုင်ငံအနှံ့အပြားတွင် ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနှင့် မသန်စွမ်းသူ၏အခွင့်အရေး ဖောက်ဖျက်ခံရခြင်းများ ခံစားတွေ့ကြုံရ ပါကလည်း တိုင်တန်းနိုင်ကြောင်း သိရှိရပါသည်။
- ၂၀၂၁ ခုနှစ်အတွင်း လူ့အခွင့်အရေးဖောက်ဖျက်ခံရသည်ဟုဆိုကာ ကော်မရှင်သို့ ပေးပို့လာသော တိုင်တန်းချက်စောင်ရေ (၂၇၇) စောင်ကို လက်ခံရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှ တိုင်တန်းချက်လက်ကျန် (၃၁) စောင်ရှိသဖြင့် စုစုပေါင်းတိုင်တန်းချက် (၃၀၈) စောင်ကို ကော်မရှင်စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်း အဝေးက စိစစ်ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့။
- ကော်မရှင်မှလက်ခံရရှိသော တိုင်တန်းချက်များတွင် အများဆုံးရရှိသော အမှုအမျိုးအစားများမှာ မြေအငြင်းပွားမှု ၂၄.၁၈ ရာခိုင်နှုန်း၊ ရဲနှင့်သက်ဆိုင်သောမှု ၅.၄၁ ရာခိုင်နှုန်း၊ တရားရေးနှင့် သက်ဆိုင်သောအမှု ၄.၆၉ ရာခိုင်နှုန်းနှင့် အကျဉ်းထောင်နှင့် သက်ဆိုင်သောအမှု ၄.၃၃ ရာခိုင်နှုန်းတို့ဖြစ်။
- မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၂၁ ခုနှစ်အတွင်း အကျဉ်းထောင် (၁၀) ခု၊ အချုပ်ထောင် (၁) ခု၊ အလုပ်စခန်း (၉) ခု၊ ရဲစခန်းအချုပ်ခန်း (၁၂) ခုနှင့် တရားရုံးအချုပ်ခန်း (၃) ခုတို့ကို ကုလသမဂ္ဂက ပြဋ္ဌာန်းထားသည့် အကျဉ်းသားများအပေါ် ပြုမူဆက်ဆံမှုနှင့် စပ်လျဉ်းသော အနိမ့်ဆုံးစံနှုန်းများနှင့်ညီမညီ၊ လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ/မရှိတို့ကို ကြည့်ရှုစစ်ဆေးခဲ့။
Add new comment