မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိ

အိန္ဒိယနိုင်ငံ Ministry of New and Renewable Energy၊ Ministry of External Affairs၊ The Energy and Resources Institute (TERI) နှင့် ASEAN Centre for Energy (ACE) တို့ပူးပေါင်း၍ Experience and Innovations for Integrated Renewables Market ခေါင်းစဉ်ဖြင့် SGE ASEAN-India High Level Conference on Renewable Energy အစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်တို့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ရာ-

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၉ ရာခိုင်နှုန်းကို နေစွမ်းအင် (Solar Energy)၊  လေစွမ်းအင် (Wind Energy) ကဲ့သို့သော ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်နိုင်ရေး ရည်မှန်းထားရှိပါကြောင်း။
  • အဆိုပါရည်မှန်းချက် ပြည့်မီစေရေးအတွက် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၃၇၀ နှင့် မဂ္ဂါဝပ် ၃၉၀ ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း ၁၆ ခုကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံအနှံ့ဖြစ်နိုင်သမျှနေရာများတွင် FloatingSolar စီမံကိန်းများ၊ Rooftop Solar စီမံကိန်းများနှင့် အသေးစား၊ အလတ်စား ရေအားလျှပ်စစ်စီမံကိန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အထူးကြိုးပမ်းလျက်ရှိပါကြောင်း။
  • အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ လာအိုနှင့် ထိုင်းနိုင်ငံတို့နှင့်လည်း လျှပ်စစ်ဓာတ်အားစနစ် ချိတ်ဆက်ရောင်းဝယ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
  • မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံရည်မှန်းချက်ဖြစ်သည့် ၂၀၂၅ ခုနှစ်တွင် ဒေသတွင်းစွမ်းအင်သုံးစွဲမှု Total Primary Energy Supply (TPES) ၏ ၂၃ ရာခိုင်နှုန်းကို ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များမှ ရယူသုံးစွဲနိုင်ရေး အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ အိန္ဒိယနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ၊ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) ပညာရှင်များ တက်ရောက်ခဲ့ကြပါသည်။

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၉ ရာခိုင်နှုန်း ကို နေစွမ်းအင်နှင့် လေစွမ်းအင်တို့ကဲ့သို့သော ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များမှ ဓာတ်အားထုတ်လုပ်နိုင်ရေးရည်မှန်းထားရှိ။
  • မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံရည်မှန်းချက်ဖြစ်သည့် ၂၀၂၅ ခုနှစ်တွင် ဒေသတွင်းစွမ်းအင်သုံးစွဲမှု Total Primary Energy Supply (TPES) ၏ ၂၃ရာခိုင်နှုန်းကို ပြန်ပြည့်မြဲစွမ်းအင် အရင်းအမြစ်များမှ ရယူသုံးစွဲနိုင်ရေး အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်။

Add new comment