နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကို ဖေဖေါ်ဝါရီလ ၇ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ရာ-

  • (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာ ဆပ်ကော်မတီများအလိုက် တက်ညီလက်ညီ ပြင်ဆင်ဆောင်ရွက်နေကြသည်ကို တွေ့ရှိရကြောင်း။
  • ထာဝရငြိမ်းချမ်းရေးကိုရှေးရှု၍ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ ကျန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်နိုင်ရန် ဖိတ်ကြားထားပြီးဖြစ်ပါကြောင်း။
  • စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင် ဆောင်ရွက်ကြရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ၊ လိုအပ်ချက်များနှင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကို ဆပ်ကော်မတီများအလိုက် ရှင်းလင်းဆွေးနွေး ကြစေလိုကြောင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါသည်။

  • (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ်ညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထာဝရငြိမ်းချမ်းရေးကို ရှေးရှု၍ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ ကျန်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ တက်ရောက်နိုင်ရန် ဖိတ်ကြားထားပြီးဖြစ်ကြောင်း အလေးထားပြောကြားခဲ့။

 

Add new comment