ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ စစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဌ) နှင့်အညီ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနှင့် ပစ္စည်းများစုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ပါတီဆိုင်ရာလုပ်ငန်းများကို စနစ်တကျဆောင်ရွက် ထားခြင်းရှိ/မရှိတို့ကို စစ်ဆေးလျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် အထူးစစ်ဆေးရေးဦးစီးဌာနမှ ဌာနဆိုင်ရာကိုယ်စားလှယ်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ရန်ကုန်မြို့ အခြေစိုက်ဖြစ်သော ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ခေတ်သစ်ပြည် ထောင်စုပါတီ၊ လူထုပါတီ (The Party for People)နှင့် ပြည်သူ့အင်အားပါတီတို့ကို ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အထိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်များ ဦးဆောင်သည့်အဖွဲ့သည် ရန်ကုန်မြို့ အခြေစိုက်ဖြစ်သော ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ခေတ်သစ်ပြည်ထောင်စုပါတီ၊ လူထုပါတီ (The Party for People)နှင့် ပြည်သူ့အင်အားပါတီ တို့ကို ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အထိ စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့။

Add new comment