နိုင်ငံတော်အစိုးရအနေဖြင့် CRPH၊ NUG နှင့် PDF အကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထု အထိတ်အလန့်ဖြစ်စေရန်အတွက် ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၉ ရက်မှ ဖေဖော်ဝါရီ ၃ ရက်အတွင်း ဝမ်းတွင်းမြို့နယ်၌ ညီညီ(သေဆုံး)အပါအဝင် တရားခံ ၈ ဦးအား လက်နက်ငယ်မျိုးစုံ ၃ လက်၊ ကျည်မျိုးစုံ ၉၆ တောင့်၊ လက်လုပ်ဗုံး ၆ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
အဆိုပါတရားခံများသည် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြပြီး NLD ပါတီဝင် စံမင်းအောင် ဦးဆောင်ဖွဲ့စည်းခဲ့သည့် WTRF အကြမ်းဖက်အဖွဲ့တွင် ပါဝင်ခဲ့ကြကြောင်းနှင့် စံမင်းအောင်မှ လက်နက်၊ ခဲယမ်းများထုတ်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
၎င်းတို့၏ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ရဟန်း/ သံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခဲ့မှုများအနေဖြင့်-
- ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နှင့် ၁၃ ရက်တို့တွင် ဝမ်းတွင်းမြို့နယ် NLD ပါတီဝင် စံမင်းအောင်၏ စေခိုင်းမှုဖြင့် တရားခံ ၃ ဦးသည် ဝမ်းတွင်းမြို့နယ်၊ ဖလန်ကျင်းကျေးရွာအနီးရှိ Mytel တာဝါတိုင်၊ သဲတောလေးကျေးရွာအနီးရှိ Mytel တာဝါတိုင်၊ သုံးဒေါင့်အိုင်ကျေးရွာအနီးရှိ Mytel တာဝါတိုင်တို့အား လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း။
- ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်အတွင်း ဝမ်းတွင်းမြို့နယ်အတွင်းရှိ မင်္ဂလာမှန်ကျောင်းတိုက်မှ ဆွမ်းဘုန်းပေးနေသည့် သံဃာတော် ၁ ပါး၊ ကျောင်းဆရာမ ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၁၇ ဦးတို့အား လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
ဝမ်းတွင်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် WTRF အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဝမ်းတွင်းမြို့နယ် NLD ပါတီဝင် စံမင်းအောင်မှ အဓိကစေခိုင်းလျက်ရှိကြောင်း၊ ၎င်းသည် အကြမ်းဖက်ဖောက်ခွဲ သတ်ဖြတ်မှုပြုလုပ်သူများအား ငွေကျပ် ၅ သောင်းပေးအပ်၍ စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးရမိ တရားခံ သန့်ဇင်ထွန်းသည် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော WTRF အကြမ်းဖက်အဖွဲ့အား နောက်ကွယ်မှ ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
အထက်ပါ WTRF အကြမ်းဖက်အဖွဲ့အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု(၃)ကြိမ်၊ ရဟန်း/ သံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု (၁၇) ကြိမ်တို့အား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။
ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ်တရားခံများ အား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားရှိပါသည်။
- ဝမ်းတွင်းမြို့နယ်၌ ညီညီ(သေဆုံး)အပါအဝင် တရားခံ ၈ ဦးအား လက်နက်ငယ် မျိုးစုံ ၃ လက်၊ ကျည်မျိုးစုံ ၉၆ တောင့်၊ လက်လုပ်ဗုံး ၆ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
- အဆိုပါတရားခံများသည် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းများ တက်ရောက်ခဲ့ကြပြီး NLD ပါတီဝင် စံမင်းအောင် ဦးဆောင်ဖွဲ့စည်းခဲ့သည့် WTRF အကြမ်းဖက်အဖွဲ့တွင် ပါဝင်ခဲ့ကြကြောင်းနှင့် စံမင်းအောင်မှ လက်နက်၊ ခဲယမ်းများထုတ်ပေးခဲ့။
- တရားခံများသည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်အတွင်း ဝမ်းတွင်းမြို့နယ်အတွင်းရှိ မင်္ဂလာမှန်ကျောင်းတိုက်မှ ဆွမ်းဘုန်းပေးနေသည့် သံဃာတော် ၁ ပါး၊ ကျောင်းဆရာမ ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ ၁၇ ဦး တို့အား လုပ်ကြံသတ်ဖြတ်ခဲ့။
- ဝမ်းတွင်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန်အတွက် WTRF အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဝမ်းတွင်းမြို့နယ် NLD ပါတီဝင် စံမင်းအောင်မှ အဓိကစေခိုင်းလျက်ရှိပြီး ၎င်းသည် အကြမ်းဖက်ဖောက်ခွဲ သတ်ဖြတ်မှုပြုလုပ်သူများအား ငွေကျပ် ၅ သောင်းပေးအပ်၍ စေခိုင်းခဲ့ခြင်းဖြစ်။
- WTRF အကြမ်းဖက်အဖွဲ့အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် နှင့် အပြစ်မဲ့ပြည်သူများ ထိတ်လန့်မှုဖြစ်စေရန်အတွက် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု(၃)ကြိမ်၊ ရဟန်း/ သံဃာတော်များနှင့် အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု(၁၇)ကြိမ် တို့အား ကျူးလွန်ခဲ့။
Add new comment