၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်အထိ လေးလတာကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆၃.၅၁ သန်းနှင့် ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၈၆၉.၀၆ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂,၈၃၂.၅၇ သန်းရှိခဲ့ပါသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူက စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၃၇.၄၀၁ သန်း၊ ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၇၀၂.၃၂၁ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂,၆၃၉.၇၂၂ သန်းရှိသည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ကာလတူကထက် အမေရိကန်ဒေါ်လာ ၁၉၂.၈၄၈ သန်း ပိုမိုရရှိခဲ့ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်တို့ကို အဓိကတင်ပို့လျက်ရှိပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းတို့ကို အဓိကတင်သွင်းလျက်ရှိကြောင်း သိရှိရပါသည်။
- ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်အထိ လေးလတာကာလအတွင်း ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၆၃.၅၁ သန်းနှင့် ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၈၆၉.၀၆ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂,၈၃၂.၅၇ သန်းရှိခဲ့။
- ပြီးခဲ့သည့်ဘဏ္ဍာနှစ်ကာလတူက စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၂,၆၃၉.၇၂၂ သန်းရှိသည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ကာလတူကထက် အမေရိကန်ဒေါ်လာ ၁၉၂.၈၄၈ သန်း ပိုမိုရရှိခဲ့။
Add new comment