အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး(၂/၂၀၂၁) သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြား

  အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၂/၂၀၂၁) ကို ဒီဇင်ဘာလ ၂၂ ရက်တွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်က-

· ယနေ့အစည်းအဝေးမှာ လာနီညာဖြစ်စဉ်၏ နောက်ဆက် တွဲသဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင် ရွက်ရမည့်ကိစ္စ၊ နွေရာသီအပူချိန်မြင့်တက်ပြင်းထန်မှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကိစ္စ၊ မိုးကြိုကာလ လေပြင်းမုန်တိုင်း ကျရောက်နိုင်မှုအပေါ် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် ကိစ္စများနှင့် ပတ်သက်၍ ဒုတိယအကြိမ် ဆွေးနွေးညှိနှိုင်းရန်ဖြစ်ကြောင်း။

· သဘာဝဘေးစီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် ဘေး   အန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာသော သဘော   သဘာ၀များ၊ ပြင်းထန်အား၊ ဖျက်ဆီးအားများကို မျက်ခြေမပြတ် လေ့လာပြီး သဘာဝဘေးကြောင့် ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေအသုံးပြု ဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း။

· မိမိတို့နိုင်ငံ၏ ပထဝီဝင်အနေအထားပေါ်မူတည်၍ ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များ၊ ရာသီကာလအလိုက်ဖြစ် တတ်သော ဘေးအန္တရာယ်များ၊ အချိန်အခါမရွေး၊ နေရာဒေသမရွေး ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို ခွဲခြားသိရှိနိုင်ရန်နှင့် တုံ့ပြန်ဆောင်ရွက်မှုများ    အတွက် အမြဲအဆင်သင့်ဖြစ်နေစေရေး ဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း။

· ယခုကာလသည် ဆောင်းရာသီဖြစ်သည့်အတွက် သဘာဝ ဘေးဖြစ်ပွားမှုနည်းပါးနိုင်သည့် ရာသီကာလဖြစ်သော်လည်း နိုဝင်ဘာလ ၂၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လာနီညာအခြေအနေ သတင်းထုတ်ပြန် ချက်များ တွေ့ရှိရကြောင်းနှင့် နိုင်ငံတကာမိုးလေဝသဌာန များ၏ ခန့်မှန်းချက်များအရ ဒီဇင်ဘာလတွင် အားအနည်း ငယ်မှ အားအသင့်အတင့်ရှိသော လာနီညာအဆင့်သို့ ရောက် ရှိနိုင်ကြောင်း။

· လာနီညာဖြစ်ပေါ်နိုင်သော အခြေအနေပေါ်မူတည်၍ မထင် မှတ်ထားသည့် ဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သည့် အတွက် လာနီညာဖြစ်ပေါ်နိုင်သည့် အနေအထားနှင့် ဆက် စပ်ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ စဉ်ဆက်မပြတ်လေ့လာဆန်းစစ်ရန်၊ ကြိုတင် ခန့်မှန်းချက်များ၊ သတိပေးချက်များ ကြိုတင်ထုတ်ပြန်ဆောင်ရွက်ကြရန်ပြောကြားလိုကြောင်း။

· အလားတူ ဆောင်းရာသီကာလသည် အပူချိန်လျော့နည်းသော်လည်း ခြောက်သွေ့သော အနေအထားမျိုးဖြစ်သည့် အတွက် မီးဘေးအန္တရာယ်ကိုလည်း သတိပြုရမည့် ကာလ ဖြစ်ကြောင်း။

· နွေအကုန်နှင့် မိုးဦးရာသီကာလများတွင် လေပြင်းတိုက်ခတ် မှုများ ပုံမှန်ဖြစ်ပေါ်လေ့ရှိသည့်အတွက် လေပြင်းဘေး  အန္တရာယ်နှင့်ပတ်သက်၍လည်း ကြိုတင်ကာကွယ်မှု၊ ကြို တင်ပြင်ဆင်မှုများကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း။

· မိမိတို့အနေဖြင့် သဘာ၀ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ယခုထက်ပိုမိုအလေးထားဆောင်ရွက်သွားရန် လိုအပ်ပြီး နိုင်ငံတကာနှင့်လည်း စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ရန်၊ မူဘောင်များ၊ သဘောတူညီချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်၊ နည်းပညာများကိုလည်း မျက်ခြေမပြတ် လေ့လာအသုံးပြုဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

  ထို့နောက် စီမံခန့်ခွဲမှုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေရရှိမှု၊ သုံးစွဲမှုနှင့် လက်ကျန်စာရင်းများကို ရှင်းလင်းတင်ပြ၍ စီမံခန့်ခွဲမှုကော်မတီ၏ အတည်ပြုချက်ကိုရယူခဲ့ပါသည်။

  အစည်းအဝေးသို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန် ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

  • သဘာဝဘေးစီမံခန့်ခွဲမှုများဆောင်ရွက်ရာတွင် ဘေးအန္တရာယ်များ၏ ပြုပြင်ပြောင်းလဲလာသော သဘော သဘာဝများ၊ ပြင်းထန်အား၊ ဖျက်ဆီးအားများကို မျက်ခြေမပြတ် လေ့လာပြီး သဘာဝဘေးကြောင့် ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် နည်းလမ်းများကို ရှာဖွေအသုံးပြုဆောင်ရွက်နေကြရမည်ဖြစ်။
  • ယခုကာလသည် ဆောင်းရာသီဖြစ်သည့်အတွက် သဘာဝဘေးဖြစ်ပွားမှုနည်းပါးနိုင်သည့် ရာသီကာလဖြစ်သော်လည်း နိုဝင်ဘာလ ၂၀ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လာနီညာအခြေအနေ သတင်းထုတ်ပြန်ချက် များတွေ့ရှိရကြောင်းနှင့် နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များအရ ဒီဇင်ဘာလတွင် အားအနည်းငယ်မှ အားအသင့်အတင့်ရှိသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်။
  • မိမိတို့အနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ယခုထက် ပိုမိုအလေးထားဆောင်ရွက်သွားရန် လိုအပ်ပြီး နိုင်ငံတကာနှင့်လည်း စဉ်ဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်ရန်၊ မူဘောင်များ၊ သဘောတူညီချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်၊ နည်းပညာများကိုလည်း မျက်ခြေမပြတ် လေ့လာအသုံးပြု ဆောင်ရွက်ကြရမည်ဖြစ်။