ပုလဲမြို့နယ်ရှိ ပုလဲမြို့မရဲစခန်းအား PDF အကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီလ ၅ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ရှိ ပုလဲမြို့မရဲစခန်းအား PDF အကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့သဖြင့် အကြမ်းဖက်သမားများသည် ရဲစခန်းအနောက်ဘက် မြကုန်းကျေးရွာသို့ ဆုတ်ခွာထွက်ပြေးစဉ် ယင်းမာပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြလေး (၆၃)နှစ်၏ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဦးမြလေးနေအိမ်နှင့် ပတ်ဝန်းကျင်နေအိမ်များ မီးကူးစက်လောင်ကျွမ်းလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးသတ်ယာဉ် ၂ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မီးလောင်မှုကြောင့် ဦးမြလေးနေအိမ်ပါ အပြစ်မဲ့ပြည်သူနေအိမ် ၁၀ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။

PDF အကြမ်းဖက်သမားများသည် ၎င်းတို့အားမထောက်ခံသည့် ကျေးရွာများအား မကြာခဏတိုက်ခိုက်ဖျက်ဆီးလျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာချိန်တွင် ကျေးရွာအတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ကြံ့ခိုင်ရေးပါတီအား ထောက်ခံအားပေးသူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိပါသည်။ ထိုကဲ့သို့ PDF အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့သည့်အသွင်ဖြင့် သတင်းအမှားများ၊ လုပ်ကြံသတင်းများကို ပြည်ဖျက်မီဒီယာများမှ ထုတ်လွှင့်လျက်ရှိကြောင်းသိရှိရပါသည်။

  • PDF အကြမ်းဖက်သမားများက ပုလဲမြို့မရဲစခန်းအား လက်လုပ်စိန်ပြောင်း၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြစ်မဲ့ပြည်သူများတို့၏ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုများကျူးလွန်ခဲ့။

Add new comment