ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်(၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကောက်နုတ်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၇ ရက်တွင် ကျရောက်သည့်(၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာပါကောက်နုတ်ချက်များမှာ-

  • ရှမ်းပြည်နယ်သည် တစ်ဖက်နိုင်ငံများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံအတွက်အရေးပါသည့် ပြည်နယ်တစ်ခုဖြစ်ကာ  မြေပေါ်မြေအောက်သယံဇာတများဖြစ်သည့် သတ္တုရိုင်းတွင်းထွက်များ၊ ကျောက်မျက်ရတနာများ၊ ကျွန်းသစ်နှင့် သစ်တောထွက်ပစ္စည်းများဖြင့် ရေခံမြေခံကောင်းများလည်းရှိပြီး နယ်စပ်ဒေသ ကုန်သွယ်ရေးများ ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း။
  • ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးစုအားလုံးတို့ ခေတ်အဆက်ဆက် အေးအတူပူအမျှ အခြေချနေထိုင်လာခဲ့ကာ ကမ္ဘာ့အလယ်တွင် ထင်ရှားစွာရပ်တည်လာခဲ့ကြသော်လည်း နယ်ချဲ့အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို ကျူးကျော်စစ်သုံးကြိမ်တိုင်တိုင် တိုက်ခိုက်သိမ်းယူခဲ့ခြင်းကြောင့် ၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရကြောင်း။
  • ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်နောက် ဗြိတိသျှစစ်တပ်သည် ဗမာနိုင်ငံအား ပြန်လည်သိမ်းပိုက်ခဲ့ရာ ရှမ်းပြည်နယ်စော်ဘွားများ၊ လူထုခေါင်းဆောင်များနှင့် ပြည်သူလူထုသည် စစ်ဘေးစစ်ဒဏ်ကို အလူးအလဲခံစားခဲ့ရသည့်ကြားမှာပင် နိုင်ငံရေးအရ နိုးကြားတက်ကြွလာခဲ့ကြကြောင်း။
  • မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိရန်အတွက် တိုင်းရင်းသားခေါင်း ဆောင်များနှင့် လှည့်လည်တွေ့ဆုံဆွေးနွေးချိန်တွင် တောင်ကြီးမြို့သို့ဝင်ရောက်၍ ရှမ်းပြည်နယ်မှ စော်ဘွားများ၊ ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း။
  • ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်တွင် ရှမ်း၊ ကချင်၊ ချင်း စသည့်တိုင်းရင်းသားခေါင်းဆောင်များသည် ဗမာပြည်မနှင့် အတူပူးပေါင်း၍ လွတ်လပ်ရေးအရယူမည့် သဘောတူဆုံးဖြတ်ချက်များကို ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ ချမှတ်နိုင်ခဲ့ကြောင်း။
  • (၇၅) နှစ်မြောက် ရှမ်းပြည်နယ်နေ့သည် မကြာမီကျရောက်တော့မည့် (၇၅) နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုကာလလည်းဖြစ်သဖြင့် တိုင်းရင်းသားအားလုံး၊ မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော နေ့ထူးနေ့မြတ် အခါသမယပင် ဖြစ်ကြောင်း။
  • ယနေ့အချိန်တွင် ငြိမ်းချမ်းရေးမရရှိသေးသည့် နယ်မြေဒေသများရှိ ဒေသခံပြည်သူများသည် ရည်ရွယ်ချက်မဲ့သောစစ်ပွဲများကို  စိတ်ကုန်မုန်းတီးနေကြပြီဖြစ်ကာ မိမိတို့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းစွာနေထိုင်လိုခြင်းသည် တိုင်းရင်းသား ပြည်သူအားလုံး၏ တူညီပြင်းပြသော ဆန္ဒပင်ဖြစ် ကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံကြီးအား လွတ်လပ်မှု၊ လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများဖြစ်ပေါ်လာစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းလိုကြောင်း။
  • နိုင်ငံအတွင်း ယနေ့ဖြစ်ပေါ်ကြုံတွေ့နေရသည့် ဆူပူအကြမ်းဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုမရှိခြင်းအတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် ဆင်းရဲဒုက္ခများစွာကြုံတွေ့ကြရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေလျက်ရှိကြောင်း၊ နိုင်ငံနှင့် ပြည်သူအကျိုးကိုမကြည့်ဘဲ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ စိတ်ဖြင့် လွဲမှားစွာဆောင်ရွက်နေသည့် လုပ်ရပ်များကို တိုင်းရင်းသားပြည်သူအားလုံးက အသိ၊ သတိဖြင့် သုံးသပ်ဆင်ခြင်ပြီး လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေး သတိပြုသင့်ကြကြောင်း။
  • မိမိတို့တိုင်းရင်းသားပြည်သူအားလုံးက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အမျိုးသားရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှ အခွင့်အရေးရရှိခြင်းဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသောဖက်ဒရယ်စနစ်ကို အခြေခံသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက် ပန်းတိုင်ကို မလွဲမသွေအောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ပင်လုံစိတ်ဓာတ်အရင်းခံကာ ချစ်ကြည်စည်းလုံးစွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါသည်။

  • ရှမ်းပြည်နယ်သည် တစ်ဖက်နိုင်ငံများနှင့် ဆက်စပ်နေသဖြင့် နိုင်ငံအတွက်အရေး ပါသည့် ပြည်နယ်တစ်ခုဖြစ်ကာ  ရေခံမြေခံကောင်းများလည်းရှိပြီး နယ်စပ်ဒေသ ကုန်သွယ်ရေးများ ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိ။
  • ယနေ့အချိန်တွင် ငြိမ်းချမ်းရေးမရရှိသေးသည့် နယ်မြေဒေသများရှိ ဒေသခံပြည်သူ များသည် ရည်ရွယ်ချက်မဲ့သော စစ်ပွဲများကို  စိတ်ကုန်မုန်းတီးနေကြပြီဖြစ်ကာ မိမိတို့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းစွာ နေထိုင်လိုခြင်းသည် တိုင်းရင်းသား ပြည်သူအားလုံး၏ တူညီပြင်းပြသော ဆန္ဒပင်ဖြစ်။
  • နိုင်ငံအတွင်း ယနေ့ဖြစ်ပေါ်ကြုံတွေ့နေရသည့် ဆူပူအကြမ်းဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုမရှိခြင်းအတွက် တိုင်းရင်းသားပြည်သူများအနေဖြင့် ဆင်းရဲဒုက္ခ များစွာကြုံတွေ့ကြရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်စေလျက်ရှိ။
  • ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲမသွေအောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံး ပင်လုံစိတ်ဓာတ်အရင်းခံကာ ချစ်ကြည်စည်းလုံးစွာဖြင့် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲဆောင်ရွက် သွားကြရန် တိုက်တွန်းလို။

 

Add new comment