ဧရာဝတီတိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး ပန်းခင်းစီမံချက်တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ဖေဖော်ဝါရီလ ၆ ရက်တွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနား၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက-

  • နိုင်ငံတော်စီမံချက်တစ်ခုဖြစ်သည့် ပန်းခင်းစီမံချက်ကို နိုင်ငံတော်၏အနာဂတ် အတွက် မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပြီး  ယင်းစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃ ဒသမ ၈) သန်းကျော်ကို ၂ဝ၂၁ ခုနှစ် မေ ( ၃ )ရက်မှ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ( ၃ ) ရက်အထိ ( ၁၈ ) လတာကာလအတွင်း  ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊၊

  • ကိုဗစ်-၁၉ ရောဂါအခြေအနေနှင့် အချို့ဒေသများတွင် လုံခြုံရေးအခြေအနေ၊ ရာသီဥတုအခြေအနေ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးသည် နေရာဒေသတော်တော်များများ၌ ရေလမ်းခရီးကိုသာ အသုံးပြုသွားလာရသည့်အတွက် ကွင်းဆင်းဆောင်ရွက်မှုများတွင် သွားလာရေးအခက်အခဲများစွာကြုံတွေ့ရပြီး ယင်းအဟန့်အတားအခက်အခဲများကြားမှ ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း။

  • ဧရာဝတီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂ဝ၉,၇၃၄ ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၂၃၁,၂၉၉ ကတ် ပြီးစီးနေပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၁၁ဝ ဒသမ ၂၈ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်သဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအနက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက် ကျော်လွန်အောင်ဆောင်ရွက်နိုင်သည့် ဒုတိယမြောက်တိုင်းဒေသကြီးဖြစ်ကြောင်း၊၊

ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး  ပန်းခင်းစီမံချက်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးမှဝန်ထမ်းများကို တစ်ဆင့်မြင့်ရာထူးတိုးမြှင့်ပေးကာ ရာထူးအဆင့်များကို တပ်ဆင်ပေးခဲ့ကြောင်း သိရှိရပါသည်။

  • ပန်းခင်းစီမံချက်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃ ဒသမ ၈) သန်းကျော်ကို ၂ဝ၂၁ ခုနှစ် မေ ( ၃ )ရက်မှ ၂ဝ၂၂ ခုနှစ် နိုဝင်ဘာ ( ၃ ) ရက်အထိ ( ၁၈ ) လတာကာလအတွင်း  ထုတ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊၊
  • ဧရာဝတီတိုင်းဒေသကြီးအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၂ဝ၉,၇၃၄ ကတ်ထုတ်ပေးရန် လျာထားဆောင်ရွက်ခဲ့ရာ ယခုအထိ ၂၃၁,၂၉၉ ကတ် ပြီးစီးနေပြီဖြစ်၍ ရာခိုင်နှုန်းအားဖြင့် ၁၁ဝ ဒသမ ၂၈ ရာခိုင်နှုန်းပြီးစီးပြီဖြစ်သဖြင့် တိုင်းဒေသကြီး/ပြည်နယ်များအနက် လျာထားချက်ရာနှုန်း ပြည့်ပြီးမြောက်ကျော်လွန်အောင် ဆောင်ရွက်နိုင်သည့် ဒုတိယမြောက်တိုင်းဒေသကြီးဖြစ်ကြောင်း၊၊

Add new comment