အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဆက်လက်ဖော်ထုတ်အရေးယူ

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUGနှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် လိုက်ပါမလုပ်ဆောင်ရန် တားမြစ်ထားသော်လည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့ပြီး အကြမ်းဖက် လုပ်ရပ်များကို အားပေးလုပ်ဆောင်ခဲ့သဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ -

· ဖေဖော်ဝါရီလ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ ၅ ဦးနှင့် မကွေးတိုင်းဒေသကြီး၌ ၂ ဦး စုစုပေါင်း ၇ ဦး၊၊

· ဖေဖော်ဝါရီလ ၃ ရက်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၁၄ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၁၅ ဦး၊ ကရင်ပြည်နယ်၌ ၁ ဦးနှင့် ရှမ်းပြည်နယ်၌ ၂ ဦး စုစုပေါင်း ၃၃ ဦး၊၊

· ဖေဖော်ဝါရီလ ၄ ရက်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ ၁ ဦး၊ ကရင်ပြည်နယ်၌ ၂ ဦး၊ ပဲခူးတိုင်းဒေသကြီး၌ ၂ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၌ ၅ ဦး စုစုပေါင်း ၁၀ ဦး၊၊

· ဖေဖော်ဝါရီလ ၅ ရက်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၁ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၌ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၌ ၅ ဦးနှင့် ရှမ်းပြည်နယ်၌ ၃ ဦး စုစုပေါင်း ၁၁ ဦး၊၊

· ဖေဖော်ဝါရီလ ၆ ရက်တွင် ပဲခူးတိုင်းဒေသကြီး၌ ၄ ဦး၊ မန္တလေးတိုင်းဒေသကြီး၌ ၇ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး ၌ ၄ ဦး စုစုပေါင်း ၁၅ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်ထိ စုစုပေါင်း ၁၇၇ ဦးအား  ဥပဒေနှင့်အညီ အရေးယူထားပါသည်၊၊

ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

  • ဖေဖော်ဝါရီလ ၂ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်ထိ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး ၆ ခုနှင့် ပြည်နယ်   ၂ ခု၌  စုစုပေါင်း ၇၆ ဦးတို့ကို ဖမ်းဆီးခဲ့။
  • ဇန်နဝါရီလ ၂၇ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်ထိ စုစုပေါင်း ၁၇၇ ဦးအား ဥပဒေနှင့်အညီ အရေးယူထား၊၊
  • လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်၊၊

 

Add new comment