(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်-စစ်တွေလမ်းပေါ်ရှိ ရာမောင်တံတားသစ်အား ဖွင့်လှစ်ခဲ့

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း ရန်ကုန်-စစ်တွေသွား ကားလမ်းပေါ်တွင် အသစ်တည်ဆောက်ပြီးစီးသည့် ရာမောင်တံတားဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ Steel Box Ginder Type ပုံစံဖြင့် တည်ဆောက်ထားသော ငွေကျပ် ၁၂,၀၀၀ သန်းတန်ဖိုးရှိ ရာမောင်တံတားသစ်သည် ၁,၂၈၃ ဒသမ ၃ ပေရှည်ပြီး  အဆိုပါတံတားသစ်အား အသုံးပြုခြင်းအားဖြင့် ရန်ကုန်-စစ်တွေလမ်းမှတစ်ဆင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမှ စစ်တွေမြို့သို့လည်းကောင်း၊ ထိုမှတစ်ဆင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့လည်းကောင်း အလွယ်တကူသွားလာနိုင်မည်ဖြစ်သကဲ့သို့ မောင်တောမြို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်များကို အလွယ်တကူတင်ပို့နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် မင်းပြားမှတစ်ဆင့် ပေါက်တောမြို့နှင့် မြေပုံမြို့တို့သို့ လွယ်ကူ လျင်မြန်စွာ သွားလာနိုင်မည်ဖြစ်၍ ကုန်စည်စီးဆင်းမှုမြန်ဆန်လာပြီး ရခိုင်ပြည်နယ်နှင့်ဒေသ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအခြေအနေများ တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းသိရှိရပါသည်။

  • Steel Box Ginder Type ပုံစံဖြင့် တည်ဆောက်ထားသော ၁,၂၈၃ ဒသမ ၃ ပေရှည်သည့် ရာမောင်တံတားအား ဖေဖေါ်ဝါရီလ ၅ ရက်တွင် စတင်ဖွင့်လှစ်ပေးနိုင်ခဲ့။
  • ရာမောင်တံတားသစ်အား အသုံးပြုခြင်းအားဖြင့် လမ်းပန်းဆက်သွယ်ရေးတွင် လွယ်ကူလျင်မြန်စွာသွားလာနိုင်မည့်အပြင် ကုန်စည်စီးဆင်းမှု မြန်ဆန်လာပြီး ရခိုင်ပြည်နယ်နှင့်ဒေသ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအခြေအနေများလည်း တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်။

Add new comment