တစ်ပတ်တာကာလအတွင်း စတော့ရှယ်ယာရောင်းဝယ်မှုမှ ငွေကျပ် ၁၂၉ သန်းကျော်ရရှိ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်၌ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၄ ရက် အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ၇ ခု၏ စတော့ရှယ်ယာရောင်းဝယ်မှုမှ ငွေကျပ် ၁၂၉ သန်းကျော်ရရှိခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏စာရင်းအရ သိရှိရပါသည်။

ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီများ၏ အရောင်းအဝယ်ပြုလုပ်မှုအနေဖြင့် ရန်ကုန်စတော့အိတ်ချိန်း ကုမ္ပဏီ ၇ ခု ဖြစ်သော First Myanmar Investment Public Co.,Ltd.(FMI)၊ Myanmar Thilawa SEZ Holdings Public Co.,Ltd.(MTSH)၊ Myanmar Citizens Bank ltd. (MCB)၊ First Private Bank Co.,Ltd.(FPB)၊ TMH Telecom Public Co.,Ltd.၊ Ever Flow River Group Public Co.,Ltd.(EFR)၊ AMATA Holding Public Co.,Ltd.များက စုစုပေါင်းစတော့ရှယ်ယာအစောင်ရေ ၃၀,၀၁၀ စောင်မှ ငွေကျပ် ၁၂၉,၂၂၄,၀၅၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

  • ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အထိ တစ်ပတ်တာကာလအတွင်း စာရင်းဝင်ကုမ္ပဏီ ၇ ခု၏ စုစုပေါင်းစတော့ရှယ်ယာအစောင်ရေ ၃၀,၀၁၀ စောင်မှ ငွေကျပ်  ၁၂၉,၂၂၄,၀၅၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့။

Add new comment