ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး စတင်ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် တက်ရောက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝါဘိုကျေးရွာအား မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးစတင်ဖြန့်ဖြူးခြင်း ဖွင့်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ ၄ ရက်တွင် ကျင်းပခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန် ၊ ဖဒိုမန်းငြိမ်းမောင်၊ ဦးမောင်းဟာ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃,၇၄၂ ရွာရှိသည့်အနက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ဓာတ်အားစနစ်၊ ဆိုလာစနစ်၊ ဒီဇယ်စနစ်စသော နည်းလမ်းများဖြင့် ကျေးရွာပေါင်း ၂,၂၄၆ ရွာ မီးရရှိခဲ့ပြီးဖြစ်ရာ ၆၀ ရာခိုင်နှုန်းခန့် လျှပ်စစ်မီးသုံးစွဲနိုင်ခဲ့ပြီး ဖြစ်ကြောင်းသိရှိရပါသည်။

  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဝါဘိုကျေးရွာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးစတင်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်။
  • ရခိုင်ပြည်နယ်အတွင်း ကျေးရွာပေါင်း ၃,၇၄၂ ရွာရှိသည့်အနက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအထိ ဓာတ်အားစနစ်၊ ဆိုလာစနစ်၊ ဒီဇယ်စနစ်စသည့် နည်းလမ်းများဖြင့် ကျေးရွာပေါင်း ၂,၂၄၆ ရွာမီးရရှိခဲ့ပြီးဖြစ်ရာ ၆၀ ရာခိုင်နှုန်းခန့် လျှပ်စစ်မီး သုံးစွဲနိုင်ခဲ့ပြီးဖြစ်။

Add new comment