အိုမီခရွန်ရောဂါပိုးထပ်မံတွေ့ရှိမှု အခြေအနေများ

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန၌ ၃-၂-၂၀၂၂ ရက်တွင် ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ဓာတ်ခွဲနမူနာ ၂၈ ခုထပ်မံတွေ့ရှိခဲ့ပါသည်။

အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား ၂၈ ဦးမှာ Relief Flight များဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး ၎င်း ၂၈ ဦးမှာ စင်ကာပူနိုင်ငံမှ ၁၂ ဦး၊ ယူအေအီးနိုင်ငံမှ ၅ ဦး၊ မလေးရှားနိုင်ငံမှ ၅ ဦး၊ တောင်ကိုရီးယားနိုင်ငံမှ ၄ ဦး၊ အိန္ဒိယနိုင်ငံမှ ၁ ဦးနှင့် အင်ဒိုနီးရှားနိုင်ငံမှ ၁ ဦးတို့ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၃-၂-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၄၈ ဦး ရှိရာ ပြည်ပမှပြန်လည်ဝင်ရောက်လာသူ ၂၆၄ ဦးနှင့်  ပြည်တွင်းကူးစက်ခံရသူ ၈၄ ဦး တို့ဖြစ်ကြောင်း သိရှိရပါသည်။

  • ၃-၂-၂၀၂၂ ရက်နေ့က ဓာတ်ခွဲစစ်ဆေးမှုဆောင်ရွက်ခဲ့သည့် ဓာတ်ခွဲနမူနာများ တွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ဓာတ်ခွဲနမူနာ ၂၈ ခု ထပ်မံတွေ့ရှိခဲ့။
  • ၃-၂-၂၀၂၂ ရက်အထိ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၃၄၈ ဦးရှိပြီး ပြည်ပမှ Relief Flight များဖြင့် ပြန်လည်ဝင်ရောက်လာသူ ၂၆၄ ဦးနှင့် ပြည်တွင်းကူး စက်ခံရသူ ၈၄ ဦးတို့ဖြစ်။

Add new comment