၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်တွင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများ၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ထောက်ပံ့နေသူများအား ပြစ်ဒဏ်အသီးသီးချမှတ်ရာ-
- ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ ထက်ကိုဦး (ခ) ဂတုံးအား ဆူပူဆန္ဒပြမှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားခြင်း၊ အကြမ်းဖက်အဖွဲ့အစည်း များနှင့် ဆက်သွယ်ခြင်း၊ လက်နက်ခဲယမ်းများအား (သိုဝှက်သိမ်းဆည်း/ လက်ဝယ်ကိုင်ဆောင်ခြင်း)နှင့် အကြမ်းဖက်ဗုံးဖောက်ခွဲ တိုက်ခိုက်မှုဆိုင်ရာ ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ပုဒ်မ-၅၀၅(က)(က)နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)အရ “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကိုလည်းကောင်း။
- ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်နေ ဝေယံထက် (ခ) နိုင်ကြီးအပါ ၂ ဦးအား အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့်အတွက်ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)အရ “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့်ချမှတ်ခဲ့ပါသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့်စပ်လျဉ်း၍ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။
- ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နေ ထက်ကိုဦး (ခ) ဂတုံးနှင့် သင်္ဃန်းကျွန်း မြို့နယ်နေ ဝေယံထက် (ခ) နိုင်ကြီးအပါ ၂ ဦးတို့အား ဖေဖော်ဝါရီလ ၂ ရက်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅ (က)(က)နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(က)/(ဈ)အရ “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့် ချမှတ်ခဲ့။
Add new comment