ဖေဖော်ဝါရီလ ၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်ကို မလိုလားသူ PDF အကြမ်းဖက်သမားများက ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ရာ မီးလောင်မှုကြောင့် ၎င်းကျောင်းအတွင်း၌ သိမ်းဆည်းထားရှိသည့် ကျောင်းသင်ရိုးညွှန်တမ်းစာအုပ်များ (တန်ဖိုးငွေကျပ် ၃ သိန်းခန့်) ပျက်စီးဆုံးရှုံးခဲ့ပြီး ကျောင်းဆောင်အား မီးကူးစက်လောင်ကျွမ်းမှုမရှိခဲ့ကြောင်း သိရှိရပါသည်။
လူငယ်၊ လူရွယ်များ၏ အနာဂတ်ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ သင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီး၊ မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်းများ၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ၎င်းတို့အား နိုင်ငံတကာမှ ဝိုင်းဝန်းဆန့်ကျင်ရန် နိုင်ငံတစ်ဝှမ်းရှိပြည်သူများက လိုလားလျက်ရှိပါသည်။
ထိုကဲ့သို့ ကျောင်းအတွင်းရှိ သင်ရိုးညွှန်းတမ်းစာအုပ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်ကို မလိုလားသူ PDF အကြမ်းဖက်သမားများက ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့။
- မီးလောင်မှုကြောင့် ၎င်းကျောင်းအတွင်း၌ သိမ်းဆည်းထားရှိသည့် ကျောင်းသင်ရိုးညွှန်းတမ်းစာအုပ်များ (တန်ဖိုးငွေကျပ် ၃ သိန်းခန့်) ပျက်စီးဆုံးရှုံးခဲ့ပြီး ကျောင်းဆောင်အား မီးကူးစက်လောင်ကျွမ်းမှုမရှိခဲ့။
Add new comment