ပြည်သူများအား ထိုးနှံပေးမည့် COVID ရောဂါကာကွယ်ဆေး သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ပြည်သူများအား ထိုးနှံပေးမည့် COVID ရောဂါ ကာကွယ်ဆေး သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်

ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ထိုးနှံပေးမည့် COVID ကာကွယ်ဆေးများအား စစ်ကိုင်းမြို့နယ်ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများက SGG 4L-3365 နှင့်  HSE/1613 နံပါတ်တပ်ဆင်ထားသည့် Toyota Hiace အမျိုးအစားလူမှုကူညီရေးယာဉ် ၂ စီးဖြင့် မုံရွာမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ထုတ်ယူခဲ့ပြီး မုံရွာ-မန္တလေးကားလမ်းအတိုင်း ပြန်လည်ထွက်ခွာလာခဲ့ရာ ချောင်းဦးမြို့နယ် မိုင်တိုင်အမှတ် ၆၁ မိုင် ၂ ဖာလုံနှင့် ၃ ဖာလုံအကြားအရောက်၌ PDF အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း HSE/1613 ယာဉ်၏ ရှေ့လေကာမှန်ကွဲအက်ကာ ယာဉ်၏ဝဲဘက်နောက်ဘီး ပွင့်ထွက်ပျက်စီးခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အလေးအနက်ထားဆောင်ရွက်လျက်ရှိသော်လည်း NUG အဖွဲ့၏စေခိုင်းချက်အရ PDF အကြမ်းဖက်သမားများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အကြမ်းဖက်တိုက်ခိုက်ခြင်း (၃၇) ကြိမ် ပြုလုပ်ခဲ့ပါသည်။ ထိုသို့အကြမ်းဖက်သမားများ၏ လူသားချင်းစာနာစိတ်ကင်းမဲ့သောလုပ်ရပ်များသည် အလွန်အန္တရာယ်ကြီးမားသည့် ဇီဝနည်းအရ အကြမ်းဖက်မှု Bioterrorism ကို ကျူးလွန်ခြင်းဖြစ်၍ နိုင်ငံတကာအသိုက်အဝန်းနှင့် မည်သည့်အဖွဲ့အစည်းကမှ လက်မခံနိုင်သည့် အကြမ်းဖက်လုပ်ရပ်များပင်ဖြစ်ပါသည်။ ယခုကဲ့သို့လုပ်ရပ်များသည် စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်သဖြင့် ၎င်းတို့၏လုပ်ရပ်များအား နိုင်ငံတကာမှ ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုလားလျက်ရှိပါသည်။

 ပြည်သူများအားထိုးနှံပေးမည့် COVID ကာကွယ်ဆေးများ သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  • စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအားထိုးနှံပေးမည့် COVID ရောဂါ ကာကွယ်ဆေး သယ်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်တစ်စီး အနည်းငယ်ပျက်စီးခဲ့။

Add new comment