နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကယားပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ  ဖေဖော်ဝါရီလ ၃ ရက်တွင် လွိုင်ကော်မြို့ရှိ မြို့နာမ်ရွှေစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး လွိုင်ကော်မြို့ရှိ ဥတ္တရာရုံကျောင်းတိုက်သို့သွားရောက်၍ သီရိမင်္ဂလာပုံ(ဟော်ကြီး) ကျောင်းဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ပြည်နယ်ဩဝါဒဆရာတော်  ဘဒ္ဒန္တစန္ဒိမာအမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခြင်းနှင့် ဆရာတော်များထံမှ ဆုံးမ ဩဝါဒနာယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ခေတ္တတိမ်းရှောင်ရာမှ နေရပ်သို့ ပြန်လည်ထွက်ခွာကြမည့် ဖရူဆိုမြို့ရှိ ကျေးရွာများနှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များမှ တိုက်ပွဲရှောင်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှပေးအပ်သည့် အဝတ်အထည်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌသည် လွိုင်ကော်မြို့ရှိ မြို့နာမ်ရွှေစေတီတော်အား သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားခြင်းနှင့် ဆရာတော်များထံမှ ဆုံးမဩဝါဒနာယူခြင်းများ ဆောင်ရွက်ခဲ့။
  • အကြမ်းဖက်သမားများ၏ နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ ခေတ္တတိမ်းရှောင်ရာမှ နေရပ်သို့ ပြန်လည်ထွက်ခွာကြမည့် ဖရူဆိုမြို့ရှိ ကျေးရွာများနှင့် လွိုင်ကော်မြို့ပေါ်ရပ်ကွက်များမှ တိုက်ပွဲရှောင်ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှပေးအပ်သည့် အဝတ်အထည်များကို ထောက်ပံ့ပေးအပ်ခဲ့။

Add new comment