နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ ၃ ရက်တွင် တွေ့ဆုံ အမှာစကား ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင်-

  • အကြမ်းဖက်အဖွဲ့များက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကယားပြည်နယ်ကို သိမ်းပိုက်မည်ဟူသည့် ကြွေးကြော်မှု၊ ခြိမ်းခြောက်မှုများဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာခဲ့သော်လည်း သစ္စာရှိနိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှု တို့ဖြင့် တွန်းလှန်နိုင်ခဲ့ကြောင်း။
  • ကယားပြည်နယ် တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုး၍ ဖွံ့ဖြိုးတိုးတက်ရေးတွင်  အားလုံးပါဝင်ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန်လိုကြောင်း။
  • ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ပညာရှင်များနှင့် အမှုထမ်း၊ အရာထမ်းများမှ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပြီး နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူများက ဆောင်ရွက်ရမည်ဖြစ်၍ အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သားတို့၏ လူမှုစီးပွားဘဝတည်ငြိမ်ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပြောကြားခဲ့။

ပြည်နယ်ဝန်ကြီးချုပ်က ကယားပြည်နယ်၏ စီးပွားရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသုံးစွဲနေမှု၊ ကျန်းမာရေး၊ ပညာရေးဆောင်ရွက်မှု၊ ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ပြောကြားရာတွင်-

  • နယ်မြေပြန်လည်တည်ငြိမ် အေးချမ်းချိန်တွင် ခေတ္တရပ်နားထားသည့်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် စွမ်းအားပြည့်လည်ပတ်နိုင်ရန် ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လိုကြောင်း၊ ဌာနအလိုက် တစ်နှစ်တာလုပ်ငန်းရည်မှန်းချက်များထားရှိပြီးဖြစ်၍ အောင်မြင်အောင်ဆောင်ရွက်ထားရန်လိုကြောင်း၊
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားရေး ရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း။
  • တည်ငြိမ်အေးချမ်းမှုသည် ဒေသဖွံ့ဖြိုးမှုအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်သဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားခဲ့ပါသည်။    

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

  • အကြမ်းဖက်အဖွဲ့များက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ကယားပြည်နယ်ကို သိမ်းပိုက်မည်ဟူသည့် ကြွေးကြော်မှု၊ ခြိမ်းခြောက်မှုများဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာခဲ့သော်လည်း သစ္စာရှိနိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် တွန်းလှန်နိုင်ခဲ့။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားရေး ရည်မှန်းချက်အဖြစ် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိ။
  • တည်ငြိမ်အေးချမ်းမှုသည် ဒေသဖွံ့ဖြိုးမှုအတွက် မဖြစ်မနေလိုအပ်ချက်ဖြစ်သဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန်လို။

Add new comment